လူသတ္ကြ်န္းမွာ သိပၸံပညာရွင္ေတြ အ႐ိုးစုေတြ ထပ္ေတြ႔

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀၀ က လူမေနတဲ့ ကြ်န္းမွာ ပ်က္သြားတဲ့ သေဘၤာမွာ သူပုန္ထမႈျဖစ္ၿပီး သတ္ျဖတ္လုိ႔ ေသသြားခဲ့တဲ့ လူအ႐ိုးစု ၁၂၅ ခုကို သိပၸံပညာရွင္ေတြက ရွာေတြ႔ခဲ့ပါတယ္။

အရင္က ေဘကြန္ကြ်န္းျဖစ္ၿပီး အခု ဘာတာဗီတာ သခ်ႋဳင္း ဒါမွမဟုတ္ လူသတ္ကြ်န္းလို႔ အမည္ေပးထားတဲ့ အဲဒီကြ်န္းဟာ ၾသစေၾတးလ်ပိုင္နက္ထဲမွာရွိၿပီး အႀကီးဆံုး အစုလိုက္အၿပံဳလိုက္ လူသတ္ထားတဲ့ ေနရာအျဖစ္ သိၾကပါတယ္။ ဒတ္ခ်္ကေန ရြက္လႊင့္ၿပီး သေဘၤာပ်က္ကာ အေနာက္ ၾသစေၾတးလ်က ကြ်န္းေသးေသးေလးကို ေရကူးေရာက္ရွိၾကၿပီးေနာက္ ဘာေတြျဖစ္ခဲ့ၾကတယ္ဆိုတာကို သိပ္မသိရေသးပါဘူး။

၁၆၂၈ ေအာက္တိုဘာမွာ ဒတ္ခ်္ အေရွ႕အိႏၵိယ ကုမၸဏီဟာ နယ္သာလန္ႏိုင္ငံ၊ တက္ဇယ္ကေန အခု အင္ဒိုနီးရွားကက ဂ်ကာတာလို႔ သိၾကတဲ့ ဘာတာဗီယာကြ်န္းကို ေစလႊတ္လိုက္တာျဖစ္ၿပီး သေဘၤာေပၚမွာ ကေလးေတြပါတဲ့ မိသားစု၊ အေစာင့္စစ္သား စုစုေပါင္း လူ ၃၁၆ ဦး၊ ပစၥည္းေတြနဲ႔ ေငြထည္ေတြ တင္ေဆာင္လာခဲ့ပါတယ္။

အခု သေဘာၤနာမည္ကို သြားေရာက္မယ့္ ေနရာကို အစြဲျပဳၿပီး ဘာတာဗီယာ ဘေဘၤာလို႔ အမည္ေပးထားတာ ျဖစ္ပါတယ္။ သေဘၤာေပၚမွာ ပုန္ကန္မႈျဖစ္ၿပီး ပင္လယ္ဓားျပ လုပ္ၾကဖို႔ ႀကံစည္ခဲ့ေပမယ့္ သေဘၤာပ်က္ကာ ဒီကြ်န္းေလးဆီ လူေတြ ေရကူးေရာက္ရွိခဲ့ၾကပါတယ္။ အဲဒီေနာက္ ဒီကြ်န္းေပၚမွာ သတ္ျဖတ္မႈေတြ ျဖစ္ခဲ့ၾကတာ ျဖစ္ၿပီး အေသးစိတ္ကိုေတာ့ ပညာရွင္ေတြက တူးေဖာ္ရွာေဖြ ေနၾကဆဲျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူသတ်ကျွန်းမှာ သိပ္ပံပညာရှင်တွေ အရိုးစုတွေ ထပ်တွေ့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ဝ က လူမနေတဲ့ ကျွန်းမှာ ပျက်သွားတဲ့ သင်္ဘောမှာ သူပုန်ထမှုဖြစ်ပြီး သတ်ဖြတ်လို့ သေသွားခဲ့တဲ့ လူအရိုးစု ၁၂၅ ခုကို သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပါတယ်။

အရင်က ဘေကွန်ကျွန်းဖြစ်ပြီး အခု ဘာတာဗီတာ သင်္ချိုင်း ဒါမှမဟုတ် လူသတ်ကျွန်းလို့ အမည်ပေးထားတဲ့ အဲဒီကျွန်းဟာ သြစတြေးလျပိုင်နက်ထဲမှာရှိပြီး အကြီးဆုံး အစုလိုက်အပြုံလိုက် လူသတ်ထားတဲ့ နေရာအဖြစ် သိကြပါတယ်။ ဒတ်ချ်ကနေ ရွက်လွှင့်ပြီး သင်္ဘောပျက်ကာ အနောက် သြစတြေးလျက ကျွန်းသေးသေးလေးကို ရေကူးရောက်ရှိကြပြီးနောက် ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာကို သိပ်မသိရသေးပါဘူး။

၁၆၂၈ အောက်တိုဘာမှာ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီဟာ နယ်သာလန်နိုင်ငံ၊ တက်ဇယ်ကနေ အခု အင်ဒိုနီးရှားကက ဂျကာတာလို့ သိကြတဲ့ ဘာတာဗီယာကျွန်းကို စေလွှတ်လိုက်တာဖြစ်ပြီး သင်္ဘောပေါ်မှာ ကလေးတွေပါတဲ့ မိသားစု၊ အစောင့်စစ်သား စုစုပေါင်း လူ ၃၁၆ ဦး၊ ပစ္စည်းတွေနဲ့ ငွေထည်တွေ တင်ဆောင်လာခဲ့ပါတယ်။

အခု သင်္ဘောနာမည်ကို သွားရောက်မယ့် နေရာကို အစွဲပြုပြီး ဘာတာဗီယာ ဘင်္ဘောလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ပုန်ကန်မှုဖြစ်ပြီး ပင်လယ်ဓားပြ လုပ်ကြဖို့ ကြံစည်ခဲ့ပေမယ့် သင်္ဘောပျက်ကာ ဒီကျွန်းလေးဆီ လူတွေ ရေကူးရောက်ရှိခဲ့ကြပါတယ်။ အဲဒီနောက် ဒီကျွန်းပေါ်မှာ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပြီး အသေးစိတ်ကိုတော့ ပညာရှင်တွေက တူးဖော်ရှာဖွေ နေကြဆဲဖြစ်ပါတယ်။

adv_banner