ဗင္နီဇြဲလားကို လက္နက္ေရာင္းခြင့္ ဥေရာပ သမဂၢ ပိတ္ပင္

သမၼတ နီကိုလပ္စ္ မာဒူ႐ိုကို ဖိအားေပးတဲ့ အေနနဲ႔ ဗင္နီဇြဲလားကို လက္နက္ေရာင္းခ်ခြင့္ ဥေရာပ သမဂၢက ပိတ္ပင္လိုက္ပါတယ္။

ဒါ့အျပင္ ဗင္နီဇြဲလားရဲ႕ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ဖို႔နဲ႔ ဗင္နီဇြဲလား အရာရွိေတြကို ခရီးသြားလာခြင့္ ကန္႔သတ္ဖို႔လည္း လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ဘရပ္ဆဲလ္ၿမိဳ႕မွာ က်င္းပတဲ့ ဥေရာပ သမဂၢ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးကေန အခုလို အေရးယူဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဗင္နီဇြဲလား ႏိုင္ငံသားေတြကို ႏွိပ္ကြပ္ရာမွာ အသံုးမျပဳေစဖို႔ စစ္ဘက္ဆိုင္ရာ အသံုးအေဆာင္ပစၥည္းေတြ ေရာင္းခ်မႈေတြ ပိတ္ပင္တာ ျဖစ္ပါတယ္။ ဒီမိုကေရစီစံႏႈန္းေတြကို မလိုက္နာတဲ့အတြက္ အခုလို အေရးယူတာျဖစ္ၿပီး အေရးယူမႈဟာ ဆက္လက္ သက္တမ္းတိုးႏိုင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်နီဇွဲလားကို လက်နက်ရောင်းခွင့် ဥရောပ သမဂ္ဂ ပိတ်ပင်

သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖိအားပေးတဲ့ အနေနဲ့ ဗင်နီဇွဲလားကို လက်နက်ရောင်းချခွင့် ဥရောပ သမဂ္ဂက ပိတ်ပင်လိုက်ပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ ဗင်နီဇွဲလား အရာရှိတွေကို ခရီးသွားလာခွင့် ကန့်သတ်ဖို့လည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကနေ အခုလို အရေးယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား နိုင်ငံသားတွေကို နှိပ်ကွပ်ရာမှာ အသုံးမပြုစေဖို့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချမှုတွေ ပိတ်ပင်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေကို မလိုက်နာတဲ့အတွက် အခုလို အရေးယူတာဖြစ်ပြီး အရေးယူမှုဟာ ဆက်လက် သက်တမ်းတိုးနိုင်ပါတယ်။

adv_banner