



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား မြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၅၃ အထိရှိ

ဆီးရီးယားမြောက်ပိုင်းမှာ မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ ဈေးတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်မှုလုပ်လို့ ကလေးငယ်တွေ အပါအဝင် ၅၃ ဦး သေဆုံးသွားပါတယ်။

သူပုန်တွေ သိမ်းပိုက်ထားတဲ့ အတာရပ်ဘ်မှာ ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတပ်တွေက ဈေးကို ဘာကြောင့် ပစ်မှတ်ထား တိုက်ခိုက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဈေးကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ငါးဦး၊ ရဲသုံးဦးလည်း ပါဝင်ပါတယ်။ အပျက်အစီးများပြားပြီး အဆောက်အအုံတွေ ထိခိုက်ကာ ပစ္စည်းတွေ လမ်းပေါ်မှာ ပြန့်ကြဲနေကြောင်းနဲ့ အရပ်သားတွေဟာ ဒဏ်ရာရသူတွေကို ကယ်ထုတ်နေကြောင်း အဲဒီနေရာမှာ ရှိနေတဲ့ အေအက်ဖ်ပီ သတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောပါတယ်

ဆီးရီးယား နိုင်ငံမှာ ၂၀၁၁ ခုနှစ်က စတင်ပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဦးရေ ၃၃၀ဝ၀ဝ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

adv_banner