မကၠဆီကို ေတာင္ပိုင္းမွာ ရွစ္ဦး အသတ္ခံရ၊ အေလာင္း ၁၂ ေလာင္း ေတြ႔

မကၠဆီကို ေတာင္ပိုင္းရွိ ဆိပ္ကမ္းၿမိဳ႕ အကာပူလ္ကိုမွာ ႏိုဝင္ဘာ ၁၂ ရက္ေန႔က တိုက္ခိုက္မႈ၊ ပစ္ခတ္မႈေတြ ေနရာအႏွံ႔ ျဖစ္ပြားၿပီး လူ ရွစ္ဦး အသတ္ခံရကာ ဂူရာရီယို ျပည္နယ္မွာလည္း အေလာင္း ၁၂ ေလာင္း ျမွဳပ္ထားတာကို ေတြ႔ရွိခဲ့ၾကပါတယ္။

ထိတ္လန္႔စရာ ေတာ္ေတာ္ေကာင္းတဲ့ ေန႔ပါပဲလို႔ ဂူရာရီယို ျပည္နယ္ ေျပာခြင့္ရသူ ႐ိုဘာတို အယ္လ္ဗာရက္ဇ္က ေျပာပါတယ္။ အကာပူလ္ကို ေျမာက္ပိုင္း ဆင္ေျခဖံုးမွာ ႏွိပ္စက္သတ္ျဖတ္ခံရတဲ့ လကၡဏာရွိတဲ့ အမ်ိဳးသား သံုးဦးကို ေတြ႔ရွိခဲ့ၾကပါတယ္။ မနက္ပိုင္းမွာ ၿမိဳ႕လယ္ ရိပ္သာလမ္းမွာ ရဲနဲ႔ လက္နက္ကိုင္ထားသူေတြၾကား ပစ္ခတ္မႈ ျဖစ္ပြားၿပီး တစ္ဦး ေသဆံုးကာ သံုးဦးကို ဖမ္းဆီးခဲ့ပါတယ္။

ေန႔လည္ပိုင္းမွာ ေသနတ္သမား ႏွစ္ေယာက္က ဘားတစ္ခုကို ဝင္စီးၿပီး အရက္ေသာက္ေနတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီး တစ္ေယာက္ကို ပစ္သတ္ခဲ့ပါတယ္။ ရဲက ဝင္စီးသူေတြကို ရွာေဖြၿပီး ဖမ္းခဲ့ပါတယ္။ ႏိုဝင္ဘာ ၁၂ ရက္ေန႔ တစ္ေန႔တည္းမွာ ပစ္ခတ္မႈေတြေၾကာင့္ ေသဆံုးသူ ရွစ္ဦး ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို တောင်ပိုင်းမှာ ရှစ်ဦး အသတ်ခံရ၊ အလောင်း ၁၂ လောင်း တွေ့

မက္ကဆီကို တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ အကာပူလ်ကိုမှာ နိုဝင်ဘာ ၁၂ ရက်နေ့က တိုက်ခိုက်မှု၊ ပစ်ခတ်မှုတွေ နေရာအနှံ့ ဖြစ်ပွားပြီး လူ ရှစ်ဦး အသတ်ခံရကာ ဂူရာရီယို ပြည်နယ်မှာလည်း အလောင်း ၁၂ လောင်း မြှုပ်ထားတာကို တွေ့ရှိခဲ့ကြပါတယ်။

ထိတ်လန့်စရာ တော်တော်ကောင်းတဲ့ နေ့ပါပဲလို့ ဂူရာရီယို ပြည်နယ် ပြောခွင့်ရသူ ရိုဘာတို အယ်လ်ဗာရက်ဇ်က ပြောပါတယ်။ အကာပူလ်ကို မြောက်ပိုင်း ဆင်ခြေဖုံးမှာ နှိပ်စက်သတ်ဖြတ်ခံရတဲ့ လက္ခဏာရှိတဲ့ အမျိုးသား သုံးဦးကို တွေ့ရှိခဲ့ကြပါတယ်။ မနက်ပိုင်းမှာ မြို့လယ် ရိပ်သာလမ်းမှာ ရဲနဲ့ လက်နက်ကိုင်ထားသူတွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီး တစ်ဦး သေဆုံးကာ သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ သေနတ်သမား နှစ်ယောက်က ဘားတစ်ခုကို ဝင်စီးပြီး အရက်သောက်နေတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ ရဲက ဝင်စီးသူတွေကို ရှာဖွေပြီး ဖမ်းခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ တစ်နေ့တည်းမှာ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ရှစ်ဦး ရှိခဲ့ပါတယ်။

adv_banner