အီရန္-အီရတ္ နယ္စပ္ငလ်င္ ၄၅၀ ေသဆံုး၊ ၇ ေထာင္ေက်ာ္ ဒဏ္ရာရ

အီရတ္နဲ႔ နယ္ခ်င္းစပ္ေနတဲ့ ေဒသမွာ အင္အားျပင္းထန္တဲ့ ငလ်င္ေၾကာင့္ အနည္းဆံုး လူ ၄၅၀ ေသဆံုးခဲ့ၿပီး ၇ ေထာင္ေက်ာ္ ဒဏ္ရာရကာ အခု ကယ္ဆယ္ေရး လုပ္ငန္းေတြကို ရပ္လိုက္ၿပီလို႔ အီရန္ အစိုးရက ေၾကညာပါတယ္။

ႏိုဝင္ဘာ ၁၂ ရက္ေန႔ညက ေတာင္ကုန္းေဒသျဖစ္တဲ့ ကာမန္ရွာ ေဒသမွာ ရစ္ခ်က္စတာ စေကး ၇.၃ ရွိ ငလ်င္ လႈပ္ခဲ့တာျဖစ္ၿပီး လူေတြ အိပ္ေမာက်ေနခ်ိန္ျဖစ္လို႔ ထိခိုက္ေသဆံုးမႈ မ်ားခဲ့တာ ျဖစ္ပါတယ္။

ၿမိဳ႕ငယ္ေတြ၊ ေက်းရြာေတြ အေျမာက္အမ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး ကူညီကယ္ဆယ္ေရး လုပ္သားေတြလည္း အခ်ိန္မီ သြားေရာက္ခဲ့ၾကပါတယ္။ တခ်ိဳ႕ရြာေတြမွာေတာ့ တစ္ေယာက္မွ အသက္ရွင္လ်က္ မေတြရဘူးလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ကာမင္ရွာခ႐ိုင္ အေနာက္ပိုင္းမွာ ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြကို ရပ္ဆိုင္းလိုက္ပါၿပီလို႔ အီရန္ အေရးေပၚ ေဆးကုသေရးအဖြဲ႔ ေခါင္းေဆာင္ ပီယာဟူစိန္ ကိုလီဗန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်-အီရတ် နယ်စပ်ငလျင် ၄၅၀ သေဆုံး၊ ၇ ထောင်ကျော် ဒဏ်ရာရ

အီရတ်နဲ့ နယ်ချင်းစပ်နေတဲ့ ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် အနည်းဆုံး လူ ၄၅၀ သေဆုံးခဲ့ပြီး ၇ ထောင်ကျော် ဒဏ်ရာရကာ အခု ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်လိုက်ပြီလို့ အီရန် အစိုးရက ကြေညာပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ညက တောင်ကုန်းဒေသဖြစ်တဲ့ ကာမန်ရှာ ဒေသမှာ ရစ်ချက်စတာ စကေး ၇.၃ ရှိ ငလျင် လှုပ်ခဲ့တာဖြစ်ပြီး လူတွေ အိပ်မောကျနေချိန်ဖြစ်လို့ ထိခိုက်သေဆုံးမှု များခဲ့တာ ဖြစ်ပါတယ်။

မြို့ငယ်တွေ၊ ကျေးရွာတွေ အမြောက်အများ ထိခိုက်ပျက်စီးခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်သားတွေလည်း အချိန်မီ သွားရောက်ခဲ့ကြပါတယ်။ တချို့ရွာတွေမှာတော့ တစ်ယောက်မှ အသက်ရှင်လျက် မတွေရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကာမင်ရှာခရိုင် အနောက်ပိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါပြီလို့ အီရန် အရေးပေါ် ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် ပီယာဟူစိန် ကိုလီဗန်က ပြောပါတယ်။

adv_banner