



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖောက်ခွဲရေး ပစ္စည်းတွေတွေ့လို့ လူတစ်ဦးကို ဖလော်ရီဒါ ရဲတွေ ဖမ်းဆီး

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ဗုံးလုပ်လို့ရတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ တရားမဝင် ပိုင်ဆိုင်တာ တွေ့ရတဲ့အတွက် လူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မိဘတွေနဲ့ စကားများရာကနေ ဒီအိမ်မှာ သူဖောက်ခွဲရေးပစ္စည်းတွေ သိမ်းထားတယ်လို့ ပြောမိရာက ရဲကိုအကြောင်းကြားခံရပြီး အဖမ်းခံရတာ ဖြစ်ပါတယ်။

ဒီဘာရီမှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ခရစ္စတိုဖာ လန်ဂျာဟာ ဖောက်ခွဲရေးပစ္စည်းတွေ ပိုင်ဆိုင်ထားကြောင်း ဖလောရီဒါရဲ့ မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ တွေ့ရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးရင် တခြားအမှုတွေနဲ့ ထပ်ပြီး အရေးယူမယ်လို့ ရဲက ပြောပါတယ်။

adv_banner