ေတာင္ကိုရီးယားဘက္ ထြက္ေျပးတဲ့ ေျမာက္ကိုရီးယား စစ္သား ေသနတ္ဒဏ္ရာ ျပင္းထန္

ေတာင္ကိုရီးယားဘက္ကို ထြက္ေျပးတဲ့ ေျမာက္ကိုရီးယား စစ္သားကို တျခား ေျမာက္ကိုရီးယား စစ္သားတစ္ဦးက ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ ခြဲစိတ္မႈေတြ လုပ္ခဲ့ရၿပီး စိုးရိမ္ရတဲ့ အေျခအေနရွိကာ အသက္ကယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေတာင္ကိုရီးယား ဆရာဝန္ေတြက ေျပာပါတယ္။

ဒီေန႔ ႏိုဝင္ဘာ ၁၄ ရက္ေန႔ မနက္အထိ သတိျပန္မလည္ေသးပါဘူး၊ အသက္လည္း ေကာင္းေကာင္း မ႐ွဴႏိုင္ပါဘူး၊ ဒါေပမယ့္ အသက္ကို ကယ္ႏိုင္ပါလိမ့္မယ္လို႔ မေန႔က ေတာင္ကိုရီးယားဘက္ကို ထြက္ေျပးခိုလံႈလာတဲ့ ေျမာက္ကိုရီးယား စစ္သားနဲ႔ ပတ္သက္လို႔ ေတာင္ကိုရီးယား စစ္ဘက္ အရာရွိ ဆူအက္က ေျပာပါတယ္။

ေျမာက္ကိုရီးယား စစ္သားရဲ႕ ခႏၶာကိုယ္ထဲကေန ခြဲထုတ္ေပးရတဲ့ က်ည္ဆန္ ငါးခုရွိသြားၿပီ ျဖစ္ၿပီး က်ည္ဆန္ ႏွစ္ခု ခြဲထုတ္ဖို႔ က်န္ပါေသးတယ္။ စစ္သားရဲ႕ အေျခအေနဟာ က်ည္ဆန္ထိမွန္မႈေတြေၾကာင့္ စိုးရိမ္ရတဲ့ အေျခအေနရွိတယ္လို႔ ကုသေပးေနတဲ့ ခြဲစိတ္ဆရာဝန္ႀကီး လီ ကြတ္ဂြ်န္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားဘက် ထွက်ပြေးတဲ့ မြောက်ကိုရီးယား စစ်သား သေနတ်ဒဏ်ရာ ပြင်းထန်

တောင်ကိုရီးယားဘက်ကို ထွက်ပြေးတဲ့ မြောက်ကိုရီးယား စစ်သားကို တခြား မြောက်ကိုရီးယား စစ်သားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ခွဲစိတ်မှုတွေ လုပ်ခဲ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေရှိကာ အသက်ကယ်နိုင်ဖို့ မျှော်လင့်ကြောင်း တောင်ကိုရီးယား ဆရာဝန်တွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အထိ သတိပြန်မလည်သေးပါဘူး၊ အသက်လည်း ကောင်းကောင်း မရှူနိုင်ပါဘူး၊ ဒါပေမယ့် အသက်ကို ကယ်နိုင်ပါလိမ့်မယ်လို့ မနေ့က တောင်ကိုရီးယားဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ မြောက်ကိုရီးယား စစ်သားနဲ့ ပတ်သက်လို့ တောင်ကိုရီးယား စစ်ဘက် အရာရှိ ဆူအက်က ပြောပါတယ်။

မြောက်ကိုရီးယား စစ်သားရဲ့ ခန္ဓာကိုယ်ထဲကနေ ခွဲထုတ်ပေးရတဲ့ ကျည်ဆန် ငါးခုရှိသွားပြီ ဖြစ်ပြီး ကျည်ဆန် နှစ်ခု ခွဲထုတ်ဖို့ ကျန်ပါသေးတယ်။ စစ်သားရဲ့ အခြေအနေဟာ ကျည်ဆန်ထိမှန်မှုတွေကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ကုသပေးနေတဲ့ ခွဲစိတ်ဆရာဝန်ကြီး လီ ကွတ်ဂျွန်က ပြောပါတယ်။

adv_banner