ကူညီေထာက္ပံ့မႈေတြ ေပးပို႔ဖို႔ ယီမင္ ေလဆိပ္နဲ႔ ဆိပ္ကမ္းတခ်ိဳ႕ ျပန္ဖြင့္ေပးမယ္

လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီေတြ ေပးပို႔ႏိုင္ဖို႔ ယီမင္ အစိုးရ ထိန္းခ်ဳပ္ထားတဲ့ ဧရိယာေတြအတြင္းရွိ ေလဆိပ္နဲ႔ ဆိပ္ကမ္းတခ်ိဳ႕ကို ေဆာ္ဒီ ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႔က ျပန္ဖြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဟူသီသူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ အဓိက ဆိပ္ကမ္း ဟူေဒဒါကိုေတာ့ ပိတ္ဆို႔ၿမဲ ပိတ္ဆို႔ထားမွာ ျဖစ္ပါတယ္။ အာဒင္၊ မူကယ္လာနဲ႔ မိုခ်ာ ဆိပ္ကမ္းေတြကို ျပန္ဖြင့္ေပးမွာ ျဖစ္ၿပီး အာဒင္၊ ေဆယြန္နဲ႔ ဆိုကိုထရာ ေလဆိပ္ေတြကိုလည္း ျပန္ဖြင့္ေပးထားမွာ ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ေဆာ္ဒီအာေရဗ် သံအမတ္ အဗၺဒယ္လာ အယ္လ္ မူအယ္လီမီက ေျပာပါတယ္။

ေဆာ္ဒီ ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႔ဟာ ဟူသီ သူပုန္ေတြကို ႏွိမ္နင္းၿပီး သမၼတ အဗၺဒရာဘူ မန္ဆူ ဟာဒီ အစိုးရကို ျပန္တင္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ရီယာ့ဒ္ၿမိဳ႕ကို ကြ်မ္းက်င္သူေတြ ေစလႊတ္ထားၿပီး ယီမင္ရွိ သူပုန္ေတြဆီ လက္နက္နဲ႔ ဒံုးက်ည္အစိတ္အပိုင္းေတြ ျပင္ပက ခိုးသြင္းတာကို တားဆီးႏိုင္ေအာင္ လုပ္ေဆာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကူညီထောက်ပံ့မှုတွေ ပေးပို့ဖို့ ယီမင် လေဆိပ်နဲ့ ဆိပ်ကမ်းတချို့ ပြန်ဖွင့်ပေးမယ်

လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့ ယီမင် အစိုးရ ထိန်းချုပ်ထားတဲ့ ဧရိယာတွေအတွင်းရှိ လေဆိပ်နဲ့ ဆိပ်ကမ်းတချို့ကို ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ပြန်ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ အဓိက ဆိပ်ကမ်း ဟူဒေဒါကိုတော့ ပိတ်ဆို့မြဲ ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။ အာဒင်၊ မူကယ်လာနဲ့ မိုချာ ဆိပ်ကမ်းတွေကို ပြန်ဖွင့်ပေးမှာ ဖြစ်ပြီး အာဒင်၊ ဆေယွန်နဲ့ ဆိုကိုထရာ လေဆိပ်တွေကိုလည်း ပြန်ဖွင့်ပေးထားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ် အဗ္ဗဒယ်လာ အယ်လ် မူအယ်လီမီက ပြောပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဟူသီ သူပုန်တွေကို နှိမ်နင်းပြီး သမ္မတ အဗ္ဗဒရာဘူ မန်ဆူ ဟာဒီ အစိုးရကို ပြန်တင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရီယာ့ဒ်မြို့ကို ကျွမ်းကျင်သူတွေ စေလွှတ်ထားပြီး ယီမင်ရှိ သူပုန်တွေဆီ လက်နက်နဲ့ ဒုံးကျည်အစိတ်အပိုင်းတွေ ပြင်ပက ခိုးသွင်းတာကို တားဆီးနိုင်အောင် လုပ်ဆောင်နေပါတယ်။

adv_banner