




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွတ်ဇာလန် နဲ့ ခရိုအေးရှား ကမ္ဘာဖလားခြေစစ်ပွဲအောင်
(၂၀၁၈)ကမ္ဘာ ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ဒုတိယအကျော့ ပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက ဆွဇ်ဇာလန် နဲ ့မြောက်အိုင်ယာလန် ၊ ဂရိ နဲ ့ခရိုအေးရှား အသင်းတို ့ယှဉ်ပြိုင်ခဲ့ခဲ့ရာ ခရိုအေးရှား နဲ့ ဆွတ်ဇာလန်အသင်းတို့ခြေစစ်ပွဲအောင်မြင်သွားပါတယ်။

ဆွတ်ဇာလန် ဟာမြောက်အိုင်ယာလန်၊ ခရိုအေးရှားဟာ ဂရိ နဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး
အဲဒီပွဲစဉ် (၂)ပွဲလုံးဟာ ဂိုးမရှိသရေကျသွားခဲ့ပေမယ့် ပထမအကျော့ က ယှဉ်ပြိုင်ခဲ့တဲ့ ရလဒ်တွေအရ ဆွဇ်ဇာလန် အသင်းက မြောက်အိုင်ယာလန် အသင်းကို တစ်ဂိုး- ဂိုးမရှိ ၊ ခရိုအေးရှား အသင်းက ဂရိ အသင်းကို လေးဂိုး – တစ်ဂိုး ဆိုတဲ့ ရလဒ်တွေ နဲ ့အနိုင်ယူပြီး ရုရှား ကမ္ဘာ ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရသွားပြီဖြစ်ပါတယ်။

လက်ရှိအချိန်ထိ (၂၀၁၈) ကမ္ဘာ ့ဖလား ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းအရေအတွက် (၂၈)သင်း ရှိလာပြီဖြစ်ပါတယ်။

အဲဒီအသင်းတွေကတော့ အိမ်ရှင် ရုရှား ၊ ဘရာဇီး ၊ အီရန် ၊ ဂျပန် ၊ မက္ကဆီကို ၊ ဘယ်လ်ဂျီယံ ၊ တောင်ကိုရီးယား ၊ ဆော်ဒီ ၊ ဂျာမနီ ၊ အင်္ဂလန် ၊ စပိန် ၊ နိုင်ဂျီရီးယား ၊ ကော်စတာရီကာ ၊ ပိုလန် ၊ အီဂျစ် ၊ အိုက်စလန် ၊ ဆားဘီးယား ၊ ပေါ်တူဂီ ၊ ပြင်သစ် ၊ ဥရုဂွေး ၊ အာဂျင်တီးနား ၊ ကိုလံဘီယာ ၊ ပနားမား ၊ ဆီနီဂေါ ၊ မော်ရိုကို ၊ တူနီးရှား ၊ ဆွဇ်ဇာလန် ၊ ခရိုအေးရှား တို့ဖြစ်ပါတယ်။

adv_banner