လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ အျဖစ္ကေန တရားဝင္ ႏုတ္ထြက္မယ္လုိ႔ ဟာရီရီေျပာ

လက္ဘႏြန္ ဝန္ႀကီးခ်ဳပ္ ဆက္ ဟာရီရီက သူရဲ႕ ႏုတ္ထြက္မႈ တရားဝင္ျဖစ္ေစဖို႔ လာမယ္ရက္ပိုင္းအတြင္း မိခင္ႏုိင္ငံကို ျပန္မယ္လို႔ ေျပာပါတယ္။  

ေဆာ္ဒီအာေရဗ်ကို ေရာက္ရွိေနတဲ့ ဟာရီရီဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က  ဝန္ႀကီးခ်ဳပ္ရာထူးက ႏုတ္ထြက္တယ္လို႔  သတင္းဌာနေတြကေန တဆင့္ ေၾကညာခဲ့ပါတယ္။

လက္ဘႏြန္ ဝန္ႀကီးခ်ဳပ္ဟာ အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံ ျပဳထားတဲ့ ဟစ္ဇဘိုလာ လႈပ္ရွားမႈအေပၚ ျပစ္တင္မႈေတြလုပ္ခဲ့ရာ သူနဲ႔ သူမိသားစု ေဘးအႏၱရာယ္အတြက္ စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။  

အေမရိကန္နဲ႔ ၿဗိတိန္ႏုိင္ငံကေတာ့   အာရပ္ႏုိင္ငံေတြရဲ႕ ပဋိပကၡေတြအတြင္း လက္ဘႏြန္ႏုိင္ငံကို အသံုးမခ်ဖုိ႔ တျခားႏုိင္ငံေတြကို သတိေပးထားပါတယ္။ ဟာရီရိဟာ ဆြန္နီ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး  ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလက လက္ဘႏြန္ အစိုးရအဖြဲ႔ ဖြဲ႔စည္းခ်ိန္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။  

ဟာရီရီက သူ႔အေနနဲ႔  ဟစ္ဇဘိုလာအဖြဲ႔နဲ႔ ပုဂၢိဳလ္ေရး ျပႆနာ မရွိေပမယ့္  ႏုိင္ငံကို ဖ်က္ဆီးမေတြ အတြက္ ဟစ္ဇဘိုလာအဖြဲ႔ကို လက္မခံႏုိင္ဘူးလို႔ ေဝဖန္ထားပါတယ္။ ဟာရီရီ ႏုတ္ထြက္မႈဟာ ႏုိင္ငံအတြင္းမွာ သာမက ေဒသအတြင္း ႏုိင္ငံေတြၾကားမွာ အံအားသင့္မႈ ျမင့္တက္ေနပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်ဘနွန်ဝန်ကြီးချုပ် အဖြစ်ကနေ တရားဝင် နုတ်ထွက်မယ်လို့ ဟာရီရီပြော

လက်ဘနွန် ဝန်ကြီးချုပ် ဆက် ဟာရီရီက သူရဲ့ နုတ်ထွက်မှု တရားဝင်ဖြစ်စေဖို့ လာမယ်ရက်ပိုင်းအတွင်း မိခင်နိုင်ငံကို ပြန်မယ်လို့ ပြောပါတယ်။

ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ ဟာရီရီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်တယ်လို့ သတင်းဌာနတွေကနေ တဆင့် ကြေညာခဲ့ပါတယ်။ လက်ဘနွန် ဝန်ကြီးချုပ်ဟာ အီရန်နိုင်ငံက ကျောထောက်နောက်ခံ ပြုထားတဲ့ ဟစ်ဇဘိုလာ လှုပ်ရှားမှုအပေါ် ပြစ်တင်မှုတွေလုပ်ခဲ့ရာ သူနဲ့ သူမိသားစု ဘေးအန္တရာယ်အတွက် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံကတော့ အာရပ်နိုင်ငံတွေရဲ့ ပဋိပက္ခတွေအတွင်း လက်ဘနွန်နိုင်ငံကို အသုံးမချဖို့ တခြားနိုင်ငံတွေကို သတိပေးထားပါတယ်။ ဟာရီရိဟာ ဆွန်နီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလက လက်ဘနွန် အစိုးရအဖွဲ့ ဖွဲ့စည်းချိန်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဟာရီရီက သူ့အနေနဲ့ ဟစ်ဇဘိုလာအဖွဲ့နဲ့ ပုဂ္ဂိုလ်ရေး ပြဿနာ မရှိပေမယ့် နိုင်ငံကို ဖျက်ဆီးမတွေ အတွက် ဟစ်ဇဘိုလာအဖွဲ့ကို လက်မခံနိုင်ဘူးလို့ ဝေဖန်ထားပါတယ်။ ဟာရီရီ နုတ်ထွက်မှုဟာ နိုင်ငံအတွင်းမှာ သာမက ဒေသအတွင်း နိုင်ငံတွေကြားမှာ အံအားသင့်မှု မြင့်တက်နေပါတယ်။

adv_banner