>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဂျပန် တိုက်လေယာဉ်သစ် ဖွံ့ဖြိုးရေး အစီစဉ် ဆုံးဖြတ်ချက်ချဖို့ နှောင့်နေး
ဂျပန်နိုင်ငံအနေနဲ့ ပိုမိုကောင်းမွန်တဲ့ တိုက်လေယာဉ်သစ် ဖွံ့ဖြိုးရေးအတွက် ဆုံးဖြတ်ချက်ချဖို့ နှောင့်နေးနေပါတယ်။
ဂျပန်နိုင်ငံဟာ တိုက်လေယာဉ်သစ်မှာ တပ်ဆင်မယ့် အမေရိကန်လုပ် စစ်ပစ္စည်းတွေ၊ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ရေးနဲ့ ပတ်သက်လို့ တိုက်လေယာဉ် ဒီဇိုင်းအပြင် ကုန်ကျမယ့်ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေပါတယ်။
အရှေ့တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှု တိုးလာမှုနဲ့ အတူ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဂျပန်နိုင်ငံဟာ နိုင်ငံကာကွယ်ရေးပိုင်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အဲဒီ တိုက်လေယာဉ်သစ်တွေ ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ စစ်ရေးဆိုင်ရာ ငွေကြေးအများအပြား သုံးစွဲရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအထိ သုံးစွဲရဖွယ်ရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ဖော်ပြပါတယ်။ ဂျပန်ကာကွယ်ရေးနဲ့ နီးစပ်သူတစ်ဦးက တိုက်လေယာဉ်တွေ ဖွံ့ဖြိုးရေးအတွက် ဆုံးဖြတ်ချက်ဟာ နောက်ဆုတ်ရမယ့် အခြေနေမျိုးမှာ ရှိနေတယ်လို့ ပြောပါတယ်။