ၾသစေၾတးလ် လႊတ္ေတာ္အမတ္ အားလံုးကို ႏိုင္ငံသားျဖစ္မႈ စစ္ေဆးမယ္

ၾသစေၾတးလ် ႏိုင္ငံရွိ လႊတ္ေတာ္ အမတ္ အားလံုးဟာ  ႏုိင္ငံသားျဖစ္တယ္ဆုိတဲ့ အခ်က္ကို စစ္ေဆးခံ သက္ေသျပရမွာ ျဖစ္ပါတယ္။  

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြက ၾသစေၾတးလ် လႊတ္ေတာ္ အမတ္တခ်ိဳ႕ဟာ ၾသစေၾတးလ်ႏုိင္ငံသားအျပင္ တျခားတစ္ႏုိင္ငံရဲ႕ ႏုိင္ငံသားကိုပါ ႏွစ္ႏိုင္ငံသား ခံယူထားတာ ေပၚေပါက္ၿပီးေနာက္ အခုလို ႏုိင္ငံသားျဖစ္မႈအေပၚ စစ္ေဆးဖို႔ လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။  

ၾသစေၾတးလ် လႊတ္ေတာ္ အမတ္ေတြ အားလံုး ၾသစေၾတးလ် တစ္ႏုိင္ငံသားတည္းသာ ျဖစ္တယ္ဆုိတဲ့ အခ်က္ကို သံုးပတ္အတြင္း သက္ေသျပရမွာ ျဖစ္ပါတယ္။

ၾသစေၾတးလ် ႏုိင္ငံမွာ လာမယ့္လအတြင္း ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပမွာျဖစ္လို႔  ကိုယ္စားလွယ္ေတြ အားလံုးကို ႏုိင္ငံသားျဖစ္မႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးမႈဟာ ဝန္ႀကီးခ်ဳပ္ မယ္ကြန္ တန္ဘူးလ္ရဲ႕ ညြန္ေပါင္းအစိုးရ အဖြဲ႔အတြက္ ထိုးႏွက္ခ်က္ ျဖစ္လာေစခဲ့ပါတယ္။

 

ၾသစေၾတးလ် ႏုိင္ငံေရးပါတီေတြ ၾကားမွာလည္း တျခားႏိုင္ငံသား ပူးတြဲ မျဖစ္ရဆုိရတဲ့ အခ်က္ကို  သေဘာတူညီမႈ ရရွိထားရာ ေရြးေကာက္ပြဲဝင္မယ့္ အမတ္ေလာင္းေတြကိုလည္း စစ္ေဆးမႈေတြ လုပ္သြားဖြယ္ ရွိပါတယ္။

လႊတ္ေတာ အမတ္ေတြဟာ မိဘအျပင္  အဘုိးအဘြားရဲ႕ ေမြးရက္၊ ေမြးဖြားရာႏုိင္ငံေတြ အပါဝင္ တျခား အေသးစိတ္အခ်က္လက္ေတြကို တင္ျပရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ လွှတ်တော်အမတ် အားလုံးကို နိုင်ငံသားဖြစ်မှု စစ်ဆေးမယ်

သစတြေးလျနိုင်ငံရှိ လွှတ်တော် အမတ် အားလုံးဟာ နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အချက်ကို စစ်ဆေးခံ သက်သေပြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက သြစတြေးလျ လွှတ်တော် အမတ်တချို့ဟာ သြစတြေးလျနိုင်ငံသားအပြင် တခြားတစ်နိုင်ငံရဲ့ နိုင်ငံသားကိုပါ နှစ်နိုင်ငံသား ခံယူထားတာ ပေါ်ပေါက်ပြီးနောက် အခုလို နိုင်ငံသားဖြစ်မှုအပေါ် စစ်ဆေးဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သြစတြေးလျ လွှတ်တော် အမတ်တွေ အားလုံး သြစတြေးလျ တစ်နိုင်ငံသားတည်းသာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သုံးပတ်အတွင်း သက်သေပြရမှာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံမှာ လာမယ့်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ ကိုယ်စားလှယ်တွေ အားလုံးကို နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုဟာ ဝန်ကြီးချုပ် မယ်ကွန် တန်ဘူးလ်ရဲ့ ညွန်ပေါင်းအစိုးရ အဖွဲ့အတွက် ထိုးနှက်ချက် ဖြစ်လာစေခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံရေးပါတီတွေ ကြားမှာလည်း တခြားနိုင်ငံသား ပူးတွဲ မဖြစ်ရဆိုရတဲ့ အချက်ကို သဘောတူညီမှု ရရှိထားရာ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေကိုလည်း စစ်ဆေးမှုတွေ လုပ်သွားဖွယ် ရှိပါတယ်။ လွှတ်တော အမတ်တွေဟာ မိဘအပြင် အဘိုးအဘွားရဲ့ မွေးရက်၊ မွေးဖွားရာနိုင်ငံတွေ အပါဝင် တခြား အသေးစိတ်အချက်လက်တွေကို တင်ပြရမှာ ဖြစ်ပါတယ်။

adv_banner