ဟစ္တလာ ႐ုပ္တုကို  ျပတုိက္ကေန ဖယ္ရွား

အင္ဒိုနီးရွားႏုိင္ငံ၊ ယိုဂ်ာကာတာ ေဒသရွိ ျပတုိက္အတြင္းမွာ ျပထားတဲ့ ဟစ္တလာ ႐ုပ္တုကို ဖယ္ရွားလိုက္ပါတယ္။  

ျပတုိက္အတြင္း လာေရာက္ေလ့လာသူေတြဟာ ဟစ္တလာ ႐ုပ္ပံုနဲ႔အတူ ဆဲလ္ဖီ ႐ိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ မၾကာမီမွာပဲ အခုလို ႐ုပ္တုကို ဖယ္ရွားလုိက္တာ ျဖစ္ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံမွာ ဟစ္တလာ ႐ုပ္တုကို ျပတုိက္အတြင္းကေန ဖယ္ရွားဖုိ႔ ေတာင္းဆုိဆႏၵျပတာေတြ ရွိခဲ့ရာ အင္ဒိုနီးရွား အာဏာပိုင္ေတြက ႐ုပ္တုကို ဖယ္ရွားဖုိ႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

အခုလို ႐ုပ္တုကို ဖယ္ရွားလုိက္မႈအေပၚ  အင္ဒိုနီရွားႏုိင္ငံအတြင္း   သေဘာထားကြဲလြဲမႈေတြ ရွိေနပါတယ္။ အဲဒီျပတုိက္အတြင္း ဟစ္တလာ႐ုပ္တု အပါဝင္ ထင္ရွား ေက်ာ္ၾကားသူေတြရဲ႕ ရုပ္တုေပါင္း ၈၀ ေက်ာ္ ျပသထားပါတယ္။

ဟစ္တလာဟာ နာဇီ အာဏာရွင္ အျဖစ္ ေခတ္ေကာင္းခ်ိန္က ေအာ့ဇ္ဝစ္ အက်ဥ္းစခန္းမွာ လူေပါင္း ၁ သန္းကို ေသေစခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟစ်တလာ ရုပ်တုကို ပြတိုက်ကနေ ဖယ်ရှား

အင်ဒိုနီးရှားနိုင်ငံ၊ ယိုဂျာကာတာ ဒေသရှိ ပြတိုက်အတွင်းမှာ ပြထားတဲ့ ဟစ်တလာ ရုပ်တုကို ဖယ်ရှားလိုက်ပါတယ်။

ပြတိုက်အတွင်း လာရောက်လေ့လာသူတွေဟာ ဟစ်တလာ ရုပ်ပုံနဲ့အတူ ဆဲလ်ဖီ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မကြာမီမှာပဲ အခုလို ရုပ်တုကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဟစ်တလာ ရုပ်တုကို ပြတိုက်အတွင်းကနေ ဖယ်ရှားဖို့ တောင်းဆိုဆန္ဒပြတာတွေ ရှိခဲ့ရာ အင်ဒိုနီးရှား အာဏာပိုင်တွေက ရုပ်တုကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အခုလို ရုပ်တုကို ဖယ်ရှားလိုက်မှုအပေါ် အင်ဒိုနီရှားနိုင်ငံအတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ အဲဒီပြတိုက်အတွင်း ဟစ်တလာရုပ်တု အပါဝင် ထင်ရှား ကျော်ကြားသူတွေရဲ့ ရုပ်တုပေါင်း ၈၀ ကျော် ပြသထားပါတယ်။ ဟစ်တလာဟာ နာဇီ အာဏာရှင် အဖြစ် ခေတ်ကောင်းချိန်က အော့ဇ်ဝစ် အကျဉ်းစခန်းမှာ လူပေါင်း ၁ သန်းကို သေစေခဲ့ပါတယ်။

adv_banner