႐ုရွား စြက္ဖက္မႈ စံုစမ္းေရးအဖြဲ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ သမၼတ ထရမ့္ ေျပာ

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က  ၂၀၁၆ ခုႏွစ္က က်င္းပခဲ့တဲ့ အေမရိကန္ သမၼတေရြးေကာက္ပြဲမွာ ႐ုရွားႏုိင္ငံက ၾကားဝင္စြက္ဖက္တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြ အေပၚ စံုစမ္းေဖာ္ထုတ္ေနတဲ့ အေမရိကန္ ေထာက္လွမ္းေရး ေအဂ်င္စီေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ေျပာလုိက္ပါတယ္။  

သမၼက ထရမ့္က အေမရိကန္ေရြးေကာက္ပြဲမွာ ႐ုရွားႏုိင္ငံက ပါဝင္မႈ မရွိခဲ့ဘူးဆုိတဲ့ ႐ုရွား သမၼတရဲ႕ ေျပာဆုိခ်က္ေတြဟာ မွန္ကန္မႈ ရွိတယ္လို႔လည္း ထပ္မံေျပာခဲ့ပါတယ္။  

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ဟာ ေရြးေကာက္ပြဲမွာ အႏုိင္ရေအာင္ ႐ုရွားႏုိင္ငံရဲ႕ အကူညီေတြ ရယူခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚၿပီးေနာက္ပုိင္းမွာ  ျပင္းထန္စြာ ေဝဖန္ခံရၿပီး ဖက္ဒရယ္ ေထာက္လွမ္းေရး ေအဂ်င္စီ FBI အႀကီးအကဲေတြကို ရာထူးက ထုတ္ပယ္တာေတြ ရွိခဲ့ပါတယ္။  

ေရြးေကာက္ပြဲအတြင္း ဒီမုိကရက္တစ္ပါတီရဲ႕ ေထာင္နဲ႔ခ်ီတဲ့ အီေမးလ္ေတြကို ႐ုရွားႏုိင္ငံက ခုိးယူေပးခဲ့တယ္လို႔ အေမရိကန္ သတင္းစာေတြကည ေဖာ္ျပခဲ့ၿပီးေနာက္ အေမရိကန္ သမၼတအေပၚ  စံုစမ္းေထာက္လွမ္းေရး ေအဂ်င့္စီေတြက စံုစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား စွက်ဖက်မှု စုံစမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတ ထရမ့် ပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် စုံစမ်းဖော်ထုတ်နေတဲ့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောလိုက်ပါတယ်။

သမ္မက ထရမ့်က အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ပါဝင်မှု မရှိခဲ့ဘူးဆိုတဲ့ ရုရှား သမ္မတရဲ့ ပြောဆိုချက်တွေဟာ မှန်ကန်မှု ရှိတယ်လို့လည်း ထပ်မံပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ရုရှားနိုင်ငံရဲ့ အကူညီတွေ ရယူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်းမှာ ပြင်းထန်စွာ ဝေဖန်ခံရပြီး ဖက်ဒရယ် ထောက်လှမ်းရေး အေဂျင်စီ FBI အကြီးအကဲတွေကို ရာထူးက ထုတ်ပယ်တာတွေ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ်ပါတီရဲ့ ထောင်နဲ့ချီတဲ့ အီမေးလ်တွေကို ရုရှားနိုင်ငံက ခိုးယူပေးခဲ့တယ်လို့ အမေရိကန် သတင်းစာတွေကည ဖော်ပြခဲ့ပြီးနောက် အမေရိကန် သမ္မတအပေါ် စုံစမ်းထောက်လှမ်းရေး အေဂျင့်စီတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

adv_banner