ထရမ္႔လာေရာက္လည္ပတ္စဥ္ ဖိလစ္ပိုင္ျပည္သူ ေထာင္ေက်ာ္ ဆႏၵျပ

ဖိလစ္ပုိင္ႏိုင္ငံ၊ မနီလာၿမိဳ႕ေတာ္မွာ   အာဆီယံ ထိပ္သီးအစည္းအေဝးကို က်င္းပေနၿပီး တက္ေရာက္လာတဲ့ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ကို ဒီေန႔မွာ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ ေထာင္နဲ႔ခ်ီတဲ့ ဖိလစ္ပိုင္ ျပည္သူေတြက ဆႏၵျပခဲ့ၾကပါတယ္။

သမၼတ ထရမ့္ရဲ႕ ႏွစ္ရက္ၾကာ ခရီးစဥ္ မစတင္ခင္ကတည္းက မနီလာၿမိဳ႕မွာ ဆႏၵျပပြဲေတြ ျဖစ္ေပၚေနတာ ျဖစ္ၿပီး ဒီေန႔ ဆႏၵျပပြဲမွာ ရဲ ၅၀၀ ေက်ာ္နဲ႔ ဆႏၵျပသူေတြ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။

အာဆီယံႏိုင္ငံက ေခါင္းေဆာင္ေတြ ဖိလစ္ပုိင္ အျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္း စင္တာမွာ အစည္းအေဝး ျပဳလုပ္ေနစဥ္ အဲ့ဒီ အေဆာက္အဦးဆီ ခ်ီတက္ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဆႏၵျပရာလမ္းေၾကာင္းကို  ရဲတပ္ဖြဲ႔ေတြ တားျမစ္ခဲ့လုိ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကရာ ရဲတပ္ဖြဲ႔၀င္တစ္ဦး ထိခုိက္ဒဏ္ရာ ရရွိသြားၿပီး မီးသတ္ပိုက္နဲ႔ထိုးကာ လူစုခြဲခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းကလည္း ဆႏၵျပျပည္သူေတြဟာ သမၼတ ထရမ့္နဲ႔ ဖိလစ္ပိုင္သမၼတ ဒူတာေတးတို႔ ပံုေတြကို မီး႐ိႈ႕ခဲ့ၾကပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထရမ့်လာရောက်လည်ပတ်စဉ် ဖိလစ်ပိုင်ပြည်သူ ထောင်ကျော် ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ အာဆီယံ ထိပ်သီးအစည်းအဝေးကို ကျင်းပနေပြီး တက်ရောက်လာတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ဒီနေ့မှာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထောင်နဲ့ချီတဲ့ ဖိလစ်ပိုင် ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတ ထရမ့်ရဲ့ နှစ်ရက်ကြာ ခရီးစဉ် မစတင်ခင်ကတည်းက မနီလာမြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ဖြစ်ပြီး ဒီနေ့ ဆန္ဒပြပွဲမှာ ရဲ ၅၀ဝ ကျော်နဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံက ခေါင်းဆောင်တွေ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ အစည်းအဝေး ပြုလုပ်နေစဉ် အဲ့ဒီ အဆောက်အဦးဆီ ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြရာလမ်းကြောင်းကို ရဲတပ်ဖွဲ့တွေ တားမြစ်ခဲ့လို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး မီးသတ်ပိုက်နဲ့ထိုးကာ လူစုခွဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆန္ဒပြပြည်သူတွေဟာ သမ္မတ ထရမ့်နဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးတို့ ပုံတွေကို မီးရှို့ခဲ့ကြပါသေးတယ်။

adv_banner