ဒူဘိုင္းၿမိဳ႕မွာ  ၂၀၁၇ ေလယာဥ္ျပပြဲ ၅ ရက္ၾကာ က်င္းပ

အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE) ႏိုင္ငံ၊  ဒူဘိုင္းၿမိဳ႕မွာ  ၂၀၁၇ ဒူဘိုင္းေလယာဥ္ျပပြဲကိုု ၅ ရက္ၾကာ ျပဳလုပ္က်င္းပေနၿပီး             ေလယာဥ္ အမ်ိဳးအစားေပါင္း ၁၆၀ ေက်ာ္ ခင္းက်င္းျပသထားပါတယ္။

အဲ့ဒီပြဲကို မေန႔ ႏို၀င္ဘာ ၁၂ ရက္ေန႔က စတင္ခဲ့တာျဖစ္ၿပီး Emirates ေလေၾကာင္းလိုင္းက Boeing 787-10 Dreamliner အစင္း ၄၀ ေက်ာ္ ေဒၚလာ ၁၅ သန္းဖိုး ဝယ္ယူမယ္လို႔ ေၾကညာထားပါတယ္။

အဲ့ဒီပြဲမွာ ႐ုရွားႏိုင္ငံထုတ္  စစ္တပ္သံုး Sukhoi Su-35 တိုက္ေလယာဥ္၊ Eurofighter Typhoon အင္ဂ်င္ ႏွစ္လံုးတပ္ တိုက္ေလယာဥ္၊  ဂ်ပန္ႏိုင္ငံထုတ္ Kawasaki C-2 စစ္သံုး သယ္ယူပို႔ေဆာင္ေရး ေလယာဥ္၊ ယူကရိန္း ထုတ္ Antonov An-70  အလတ္စား သယ္ယူပို႔ေဆာင္ေရး ေလယာဥ္နဲ႔ တ႐ုတ္နဲ႔ ပါကစၥတန္တို႔ ပူးတြဲထုတ္လုပ္တဲ့ JF-17 Thunder တိုက္ေလယာဥ္တို႔ကိုလည္း ျပသထားပါတယ္။      အဲ့ဒီျပပြဲမွာ တ႐ုတ္၊ ႐ုရွားနဲ႔ UAE တို႔က ပ်ံသန္းသ႐ုပ္ျပေရး အဖြဲ႔ေတြလည္း လာေရာက္ ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

ဒူဘိုင္း ေလယာဥ္ျပပြဲကို ၁၉၈၆ ခုႏွစ္ကတည္းက ႏွစ္စဥ္ ျပသလာခဲ့ပါတယ္။ ဒီႏွစ္ပြဲမွာ ႏိုင္ငံေပါင္း ၆၀ ေက်ာ္က ျပခန္းေပါင္း ၁၁၀၀ ေက်ာ္ ျပသထားကာ ေလယာဥ္ျပပြဲ သမိုင္းမွာ အႀကီးက်ယ္ဆံုး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒူဘိုင်းမြို့မှာ ၂၀၁၇ လေယာဉ်ပြပွဲ ၅ ရက်ကြာ ကျင်းပ

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ၂၀၁၇ ဒူဘိုင်းလေယာဉ်ပြပွဲကို ၅ ရက်ကြာ ပြုလုပ်ကျင်းပနေပြီး လေယာဉ် အမျိုးအစားပေါင်း ၁၆၀ ကျော် ခင်းကျင်းပြသထားပါတယ်။

အဲ့ဒီပွဲကို မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး Emirates လေကြောင်းလိုင်းက Boeing 787-10 Dreamliner အစင်း ၄၀ ကျော် ဒေါ်လာ ၁၅ သန်းဖိုး ဝယ်ယူမယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီပွဲမှာ ရုရှားနိုင်ငံထုတ် စစ်တပ်သုံး Sukhoi Su-35 တိုက်လေယာဉ်၊ Eurofighter Typhoon အင်ဂျင် နှစ်လုံးတပ် တိုက်လေယာဉ်၊ ဂျပန်နိုင်ငံထုတ် Kawasaki C-2 စစ်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်၊ ယူကရိန်း ထုတ် Antonov An-70 အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ တရုတ်နဲ့ ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်တဲ့ JF-17 Thunder တိုက်လေယာဉ်တို့ကိုလည်း ပြသထားပါတယ်။ အဲ့ဒီပြပွဲမှာ တရုတ်၊ ရုရှားနဲ့ UAE တို့က ပျံသန်းသရုပ်ပြရေး အဖွဲ့တွေလည်း လာရောက် ဖျော်ဖြေခဲ့ကြပါတယ်။

ဒူဘိုင်း လေယာဉ်ပြပွဲကို ၁၉၈၆ ခုနှစ်ကတည်းက နှစ်စဉ် ပြသလာခဲ့ပါတယ်။ ဒီနှစ်ပွဲမှာ နိုင်ငံပေါင်း ၆၀ ကျော်က ပြခန်းပေါင်း ၁၁၀ဝ ကျော် ပြသထားကာ လေယာဉ်ပြပွဲ သမိုင်းမှာ အကြီးကျယ်ဆုံး ဖြစ်ပါတယ်။

adv_banner