





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုမက်စ်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းနိုင်ဖို့ ပြင်ဆင်

ကမ္ဘာကျော် အဆိုတော် ဂျက်စတင်ဘီဘာ ဟာ သူရဲ့ချစ်သူဟောင်းဖြစ်သူ ဆယ်လီနာ ဂိုမက်ဇ်နဲ့ ဆက်ဆံရေးပိုင်း ကောင်းမွန်စွာ ရှိနေဖို့ ကြိုးပမ်းနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဂျက်စတင်ဘီဘာဟာ ချစ်သူဟောင်းဖြစ်သူ အဆိုတော် ဆယ်လီနာဂိုမက်ဇ်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ လူသိရှင်ကြား တွဲခုတ်နေခဲ့ပြီး သူတို့နှစ်ဦး ပြန်တွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာ ဂိုမက်ဇ်တို့ ဟာ ဘုရားကျောင်းအတူ သွား၊ ညစာအတူစား လုပ်နေခဲ့ရာ ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

ဂျက်စတင်ဘီဘာနဲ့ နီးစပ်သူတစ်ဦးက ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာ ဂိုမက်ဇ်တို့ဟာ အတူတွဲသွား တွဲလာ လုပ်ဆောင်နေရမှုအပေါ် အလွန်ပျော်ရွင်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နှစ်ဦးကြား ဆက်ဆံရေးပိုင်း ပြန်ကောင်းမွန်မှုတွေ ရှိနေပေမယ့် ချစ်သူအဖြစ် ပြန်တွဲနေတာလားဆိုတဲ့ အချက်ကို ပြောလို့ မရသေးဘူးလို့ ဂျက်စတင်ဘီဘာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဂျက်စင်ဘီဘာ နဲ့ ဆယ်လီနာ ဂိုမက်ဇ်တို့ အတူ တွဲခဲ့ချိန်တုန်းက ဂျက်စတင်ဘီဘာကြောင့် ဆယ်လီနာ ဂိုမက်ဇ်ဟာ နာကျင်မှုတွေ ရှိခဲ့ဖူးလို့ ဆယ်လီနာ ဂိုမက်ဇ်ရဲ့ အသိုင်းအဝိုင်းမှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

adv_banner