




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီရော်နယ်ဒိုက တစ်ကိုယ်ကောင်းဆန်ပေမယ့် သူတို့ကြား ပြဿနာ မရှိဘူးလို့ ဘင်ဇီမာ ပြော

ရီးရဲမက်ဒရစ် တိုက်စစ်မှူး ကာရင် ဘင်ဇီမာက သူရဲ့အသင်းဖော် စီရော်နယ်ဒိုဟာ သူ့ထက်ပိုပြီး တစ်ကိုယ်ကောင်းဆန်သူ ဖြစ်ပေမယ့်လည်း စီရော်နယ်ဒိုနဲ့ အတူတွဲကစားမှုကြောင့် အကျိုးကျေးဇူးတွေ ရနေပြီး စီရော်နယ်ဒိုနဲ့ သူ့ကြားမှာ ပြဿနာ မရှိဘူးလို့ ပြောပါတယ်။

စီရောနယ်ဒိုနဲ့ ဘင်ဇီမာတို့ဟာ ရီးရဲမက်ဒရစ် အသင်းမှာ ဆယ်စုနှစ်နီးပါးကြာ အတူတွဲကစားခဲ့သူတွေ ဖြစ်ပါတယ်။ ဘင်ဇီမာဟာ စပိန်မှာ ကစားနေချိန်အတွင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး စီရော်နယ်ဒိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတယ်လို့ ပြောပါတယ်။ သူအနေနဲ့ လိုင်ယွန်အသင်းမှာ ကစားချိန် ကထက် လက်ရှိမှာ မတူတော့ဘဲ ရီးရဲမက်ဒရစ် အသင်းမှာ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တယ်လို့ ဘင်ဇီမာကပြောပါတယ်။

စီရော်နယ်ဒိုဟာ တစ်ကိုယ်ကောင်းဆန်မှုတွေ ရှိပေမယ့် အဲဒီအပေါ် စိတ်ဆိုးမှု မရှိကြောင်း၊ စီရော်နယ်ဒိုရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေဟာ အသင်းအတွက် ကောင်းမွန်မှုတွေ ဖြစ်စေခဲ့တယ်လို့ ဘင်ဇီမာက ပြောပါတယ်။

adv_banner