ဒံုးက်ည္ အစီစဥ္ေဆြးေႏြးဖို႔ ျပင္သစ္ ေတာင္းဆုိမႈ အီရန္ ပယ္ခ်

အီရန္ႏိုင္ငံဟာ ပဲ့ထိန္းဒံုးက်ည္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ ေဆြးေႏြးမႈေတြ လုပ္ဖို႔  ျပင္သစ္ သမၼတ အီမန္ႏ်ဴရယ္ မက္ခရြန္ရဲ႕ ေတာင္းဆုိမႈကို ပယ္ခ်လုိက္ပါတယ္။

အီရန္ႏိုင္ငံက  ဒံုးက်ည္ အစီအစဥ္ဟာ  ကာကြယ္ေရးအတြက္ ရည္ရြယ္ၿပီး  ကမာၻ႔အင္အားႀကီး ႏုိင္ငံေတြနဲ႔ သေဘာတူညီမ ႈရရွိထားတဲ့ ႏ်ဴကလီယား အစီစဥ္နဲ႔ မပတ္သက္ဘူးလို႔ ေျပာလုိက္ပါတယ္။

ျပင္သစ္  သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အာရပ္ေစာ္ဘြားမ်ား ႏိုင္ငံ၊ ဒူဘုိင္းကို ေရာက္ရွိခဲ့ၿပီး အီရန္ႏုိင္ငံရဲ႕ ဒံုးက်ည္ အစီစဥ္နဲ႔ ပတ္သက္လို႔ စိုးရိမ္မိၿပီး ဒံုးက်ည္အစီစဥ္ေတြကို ေဆြးေႏြးဖို႔ လုိအပ္တယ္လို႔ ေျပာခဲ့ပါတယ္။  

ဒါေပမယ့္ အီရန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူက အီရန္ရဲ႕ ႏ်ဴကလီယား အစီစဥ္ေတြမွာ ဒံုးက်ည္နဲ႔ ပတ္သက္တာေတြ မပါလို႔ ေတာင္းဆိုမႈေတြကို လုိက္ေလွ်ာမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

 အီရန္ႏုိင္ငံဟာ ေဆာ္ဒီအာေရဗ် ႏုိင္ငံကို တုိက္ခုိက္ႏုိင္ဖုိ႔ ဟူသီသူပုန္ေတြကို ဒံုးက်ည္ေတြ ေထာက္ပံေနတယ္လို႔ အေမရိကန္ႏိုင္ငံက စြပ္စြဲထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုံးကျည် အစီစဉ်ဆွေးနွေးဖို့ ပြင်သစ် တောင်းဆိုမှု အီရန် ပယ်ချ

အီရန်နိုင်ငံဟာ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။

အီရန်နိုင်ငံက ဒုံးကျည် အစီအစဉ်ဟာ ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ သဘောတူညီမ ှုရရှိထားတဲ့ နျူကလီယား အစီစဉ်နဲ့ မပတ်သက်ဘူးလို့ ပြောလိုက်ပါတယ်။

ပြင်သစ် သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အာရပ်စော်ဘွားများ နိုင်ငံ၊ ဒူဘိုင်းကို ရောက်ရှိခဲ့ပြီး အီရန်နိုင်ငံရဲ့ ဒုံးကျည် အစီစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်မိပြီး ဒုံးကျည်အစီစဉ်တွေကို ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန်ရဲ့ နျူကလီယား အစီစဉ်တွေမှာ ဒုံးကျည်နဲ့ ပတ်သက်တာတွေ မပါလို့ တောင်းဆိုမှုတွေကို လိုက်လျှောမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အီရန်နိုင်ငံဟာ ဆော်ဒီအာရေဗျ နိုင်ငံကို တိုက်ခိုက်နိုင်ဖို့ ဟူသီသူပုန်တွေကို ဒုံးကျည်တွေ ထောက်ပံနေတယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲထားပါတယ်။

adv_banner