ေတာင္တ႐ုတ္ပင္လယ္ အျငင္းပြားမႈ ၾကားဝင္ေစ့စပ္ေပးမယ္လို႔ အေမရိကန္ ကမ္းလွမ္း

 

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေတာင္တ႐ုတ္ပင္လယ္ ပိုင္နက္ အျငင္းပြားမႈေတြနဲ႔ ပတ္သက္္လို႔ ၾကားဝင္ေစ့စပ္ ေဆြးေႏြးေပးမယ္လို႔ ကမ္းလွမ္းလိုက္ပါတယ္။  

ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ႏုိင္ငံက  လူလုပ္ကၽြန္းေတြ တည္ေဆာက္ၿပီးေနာက္ ပိုင္နက္နယ္ေျမ အျငင္းပြားမႈေတြ ျဖစ္ေနခဲ့ပါတယ္။ အေမရိကန္ သမၼတက  သူ႔အေနနဲ႔  ၾကားဝင္ေစ့စပ္ေဆြးေႏြးမႈနဲ႔ အကူညီေတြ ေပးလုိ႔ရမယ္ဆုိရင္ ေပးလိုၿပီး သူဟာ ၾကားဝင္ေစ့စပ္မႈေတြ လုပ္ေဆာင္ရာမွာ ေကာင္းမြန္တဲ့သူ တစ္ဦးျဖစ္တယ္လို႔ အေမရိကန္ သမၼတက ေျပာခဲ့ပါတယ္။

အေမရိကန္ သမၼတက ဗီယက္နမ္ သမၼတနဲ႔ ေတြဆံုေဆြးေႏြးခ်ိန္မွာ ဒီကမ္းလွမ္းမႈကို ေျပာခဲ့တာပါ။ အေမရိကန္ႏုိင္ငံ အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္ရဲ႕  အျပန္လွန္ ျပႆနာေတြၾကား အဓိက က႑ကေန ရပ္တည္မွာ မဟုတ္ေပမယ့္ ေစ့စပ္ေဆြးေႏြးမႈေတြ လုပ္လိုတယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

ေတာင္တ႐ုတ္ ပင္လယ္အတြင္း ပိုင္နက္နယ္ေျမ အျငင္းပြားမႈေတြနဲ႔ ပတ္သက္လို႔ တ႐ုတ္ႏုိင္ငံနဲ႔ မေလးရွား၊ ဘ႐ူႏုိင္း၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ထုိင္ဝမ္တို႔နဲ႔ အျငင္းပြားေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်တရုတ်ပင်လယ် အငြင်းပွားမှု ကြားဝင်စေ့စပ်ပေးမယ်လို့ အမေရိကန် ကမ်းလှမ်း

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ကြားဝင်စေ့စပ် ဆွေးနွေးပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက လူလုပ်ကျွန်းတွေ တည်ဆောက်ပြီးနောက် ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ဖြစ်နေခဲ့ပါတယ်။ အမေရိကန် သမ္မတက သူ့အနေနဲ့ ကြားဝင်စေ့စပ်ဆွေးနွေးမှုနဲ့ အကူညီတွေ ပေးလို့ရမယ်ဆိုရင် ပေးလိုပြီး သူဟာ ကြားဝင်စေ့စပ်မှုတွေ လုပ်ဆောင်ရာမှာ ကောင်းမွန်တဲ့သူ တစ်ဦးဖြစ်တယ်လို့ အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတက ဗီယက်နမ် သမ္မတနဲ့ တွေဆုံဆွေးနွေးချိန်မှာ ဒီကမ်းလှမ်းမှုကို ပြောခဲ့တာပါ။ အမေရိကန်နိုင်ငံ အနေနဲ့ တောင်တရုတ်ပင်လယ်ရဲ့ အပြန်လှန် ပြဿနာတွေကြား အဓိက ကဏ္ဍကနေ ရပ်တည်မှာ မဟုတ်ပေမယ့် စေ့စပ်ဆွေးနွေးမှုတွေ လုပ်လိုတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့နဲ့ အငြင်းပွားနေပါတယ်။

adv_banner