လီဗာပူအသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေကာ္တင္ဟို ဝန္ခံ

လီဗာပူအသင္း ကြင္းလယ္လူ ေကာ္တင္ဟိုက သူ႔အေနနဲ႔ လီဗာပူအသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

ေကာ္တင္ဟိုဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလအတြင္းမွာ ဘာစီလိုနာ အသင္းဆီ ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေနခ်ိန္မွာ ေကာ္တင္ဟိုက အခုလို ေျပာလုိက္တာပါ။

ဘာစီလုိနာအသင္းဟာ ေကာ္တင္ဟိုကို ေခၚယူႏုိင္ဖုိ႔ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ ကာလတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလအတြင္း ထပ္မံေခၚယူဖုိ႔ ႀကိဳးပမ္းေနပါတယ္။  

ေကာ္တင္ဟိုက သူ႔အေနနဲ႔ ကမာၻေပၚမွာ အေကာင္းဆံုးနဲ႔ ႀကီးမားတဲ့ လိဂ္ၿပိဳင္ပြဲမွာ ကစားေနတာျဖစ္ၿပီး ေပ်ာ္ရႊင္ေနတဲ့အျပင္ အသင္းအတြက္ကုိ အာ႐ံုစိုက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

ေကာ္တင္ဟိုဟာ ေအာက္တုိဘာ ၂၂ ရက္ေန႔ ကတည္းက  ေျခေထာက္ဒဏ္ရာ ရရွိခဲ့လို႔ ပါဝင္ႏုိင္မႈ မရွိခဲ့ေပမယ့္ အဂၤလန္ အသင္းနဲ႔ ေျခစမ္းပြဲ ကစားမယ့္ ဘရာဇီးလက္ေရြးစင္ အသင္းမွာ ပါဝင္ကစားဖြယ္ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လီဗာပူအသင်းမှာ ပျော်ရွှင်နေတယ်လို့ ကော်တင်ဟို ဝန်ခံ

လီဗာပူအသင်း ကွင်းလယ်လူ ကော်တင်ဟိုက သူ့အနေနဲ့ လီဗာပူအသင်းမှာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကော်တင်ဟိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်းမှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ကော်တင်ဟိုက အခုလို ပြောလိုက်တာပါ။

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလတည်းက ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ကော်တင်ဟိုက သူ့အနေနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ ကြီးမားတဲ့ လိဂ်ပြိုင်ပွဲမှာ ကစားနေတာဖြစ်ပြီး ပျော်ရွှင်နေတဲ့အပြင် အသင်းအတွက်ကို အာရုံစိုက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ကော်တင်ဟိုဟာ အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက ခြေထောက်ဒဏ်ရာ ရရှိခဲ့လို့ ပါဝင်နိုင်မှု မရှိခဲ့ပေမယ့် အင်္ဂလန် အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် ဘရာဇီးလက်ရွေးစင် အသင်းမှာ ပါဝင်ကစားဖွယ် ရှိနေပါတယ်။

adv_banner