




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟက်တာနဲ့ မေဗီ မုန်တိုင်း ဗြိတိန်ကို ဦးတည်နေ

မုန်တိုင်း ဘရိုင်ယန် အပြီးမှာ မုန်တိုင်း ဟက်တာနဲ့ မာဗီတို့ ဗြိတိန်ကို ဦးတည်နေတဲ့အတွက် လေပြင်းကျပြီး မိုးကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆောင်းဦးနဲ့ ဆောင်းရာသီအတွက် မုန်တိုင်း ၁၀ ခုကနေ ၁၃ ခုအထိ တိုက်ခတ်လိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အရင်နှစ်တုန်းကတော့ ဒီလိုကာလမှာ မုန်တိုင်း ငါးခုသာ တိုက်ခဲ့ပါတယ်။

မုန်တိုင်း ဘရိုင်ယန် တိုက်ခတ်တုန်းက လေပြင်းကျ၊ မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းတွေဟာ စကော့တလန်ကို ဖြတ်ပြီး ဗြိတိန် မြောက်ပိုင်းကို ဝင်လိမ့်မယ်လို့ မုန်တိုင်း သတိပေးချက်စင်တာတွေက ခန့်မှန်းထားပါတယ်။

adv_banner