ေဟာလိဝုဒ္ ဒါ႐ိုက္တာ ဂ်ိမ္းစ္ တိုဘက္ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈနဲ႔ စြပ္စြဲခံရ

အမ်ိဳးသမီး အမ်ားအျပားက လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ခံရတယ္လို႔ ေဟာလိဝုဒ္ ႐ုပ္ရွင္ ဒါ႐ိုက္တာ ဂ်ိမ္းစ္ တိုဘက္ကို မေန႔က ေအာက္တိုဘာ ၂၂ ရက္ေန႔မွာ စြပ္စြဲလိုက္ပါတယ္။

႐ုပ္ရွင္ထုတ္လုပ္သူ ဟာေဗး ဝိန္းစတိန္း၊ Amazon စတူဒီယို အမႈေဆာင္ ပ႐ိုက္စ္တို႔ အမ်ိဳးသမီးေတြကို လိင္ပိုင္းဆုိင္ရာ ေႏွာက္ယွက္ခဲ့ဖူးေၾကာင္း သတင္းေတြ ထြက္ေပၚၿပီးေနာက္ တိုဘက္ကိုလည္း စြပ္စြဲမႈ ေပၚထြက္လာတာ ျဖစ္ပါတယ္။

ေလာ့စ္အိန္ဂ်လိစ္ တိုင္းမ္က အမ်ိဳးသမီး အမ်ားအျပားကို ေတြ႔ဆံုေမးျမန္းခဲ့ရာမွာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း သူတို႔ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ခံရတယ္လို႔ ေျပာၾကားခဲ့ၾကတာ ျဖစ္ပါတယ္။ ဟိုတယ္ခန္းထဲမွာ၊ ႐ုပ္ရွင္နမူနာ ျပခန္းထဲမွာ၊ ပန္းၿခံထဲမွာ သူတို႔ေတြကို ထိပါးေႏွာက္ယွက္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၂ ႏွစ္အရြယ္ ဒါ႐ိုက္တာ တိုဘက္ကေတာ့ စြပ္စြဲမႈအားလံုးကို ျငင္းဆိုပါတယ္။ အခုစြပ္စြဲတဲ့ အမ်ိဳးသမီးေတြနဲ႔ သူ မဆံုဖူးေၾကာင္း၊ ဆံုရင္လည္း ငါးမိနစ္ထက္ မပုိတာေၾကာင့္ မမွတ္မိႏိုင္ေတာ့ေၾကာင္း တိုဘက္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟောလိဝုဒ် ဒါရိုက်တာ ဂျိမ်းစ် တိုဘက် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ စွပ်စွဲခံရ

အမျိုးသမီး အများအပြားက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရတယ်လို့ ဟောလိဝုဒ် ရုပ်ရှင် ဒါရိုက်တာ ဂျိမ်းစ် တိုဘက်ကို မနေ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်း၊ Amazon စတူဒီယို အမှုဆောင် ပရိုက်စ်တို့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခဲ့ဖူးကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် တိုဘက်ကိုလည်း စွပ်စွဲမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ် တိုင်းမ်က အမျိုးသမီး အများအပြားကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သူတို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရတယ်လို့ ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ ဟိုတယ်ခန်းထဲမှာ၊ ရုပ်ရှင်နမူနာ ပြခန်းထဲမှာ၊ ပန်းခြံထဲမှာ သူတို့တွေကို ထိပါးနှောက်ယှက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ် ဒါရိုက်တာ တိုဘက်ကတော့ စွပ်စွဲမှုအားလုံးကို ငြင်းဆိုပါတယ်။ အခုစွပ်စွဲတဲ့ အမျိုးသမီးတွေနဲ့ သူ မဆုံဖူးကြောင်း၊ ဆုံရင်လည်း ငါးမိနစ်ထက် မပိုတာကြောင့် မမှတ်မိနိုင်တော့ကြောင်း တိုဘက်က ပြောပါတယ်။

adv_banner