ႏ်ဴကလီးယား ပိတ္ပင္ေရးစာခ်ဳပ္ လက္မွတ္ထိုးဖို႔ ၾသစေၾတးလ်ကို ႏိုဗယ္လ္ဆုရွင္ေတြ တိုက္တြန္း

ႏ်ဴကလီးယား ပိတ္ပင္ေရးစာခ်ဳပ္မွာ ပါဝင္ လက္မွတ္ေရးထိုးဖို႔ ၂၀၁၇ ႏိုဗယ္လ္ဆုရွင္ေတြက ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ မယ္လ္ကြန္ တန္ဘူးလ္ကို အိတ္ဖြင့္စာေပးပို႔ၿပီး တိုက္တြန္းလိုက္ပါတယ္။

ႏိုဗယ္လ္ဆုရွင္ေတြ စုဖြဲ႔ထာတဲ့ ႏ်ဴကလီးယား လက္နက္ ျဖဳတ္သိမ္းေရး ႏိုင္ငံတကာ ကမ္ပိန္းက (Ican) ကေန တုိက္တြန္းတာ ျဖစ္ပါတယ္။ Ican ကို ၂၀၀၇ ခုႏွစ္တုန္းက မဲလ္ဘုန္းၿမိဳ႕မွာ ထူေထာင္ခဲ့ၿပီး ႏ်ဴကလီးယားလက္နက္ ျဖဳတ္သိမ္းေရး လႈံ႕ေဆာ္ေနတဲ့အဖြဲ႔ ျဖစ္ပါတယ္။

ေလဘာပါတီဝင္ အမတ္ အန္ေထာ္နီ အယ္လ္ဘန္နိစ္က ဒီေပးစာကို ဒီေန႔ ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ ပါလီမန္အတြင္း တင္ျပမွာ  ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီးယား ပိတ်ပင်ရေးစာချုပ် လက်မှတ်ထိုးဖို့ သြစတြေးလျကို နိုဗယ်လ်ဆုရှင်တွေ တိုက်တွန်း

နျူကလီးယား ပိတ်ပင်ရေးစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ ၂၀၁၇ နိုဗယ်လ်ဆုရှင်တွေက သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်ကို အိတ်ဖွင့်စာပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

နိုဗယ်လ်ဆုရှင်တွေ စုဖွဲ့ထာတဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး နိုင်ငံတကာ ကမ်ပိန်းက (Ican) ကနေ တိုက်တွန်းတာ ဖြစ်ပါတယ်။ Ican ကို ၂၀ဝ၇ ခုနှစ်တုန်းက မဲလ်ဘုန်းမြို့မှာ ထူထောင်ခဲ့ပြီး နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး လှုံ့ဆော်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

လေဘာပါတီဝင် အမတ် အန်ထော်နီ အယ်လ်ဘန်နိစ်က ဒီပေးစာကို ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပါလီမန်အတွင်း တင်ပြမှာ ဖြစ်ပါတယ်။

adv_banner