?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားဆောက်လုပ်ရေးအဆောက်ဦးမှာ မြေကျွံမှုဖြစ်ပွား

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် မှာ တည်ဆောက်မှုတွေလုပ်နေတဲ့အဆောက်ဦးမှာ အောက်တိုဘာ ၂၁ ရက်နေ့က မြေကျွံကျမှုဖြစ်ခဲ့လို့ နိုင်ငံခြား အလုပ်သမား ၃ ဦးသေဆုံးပြီး ၁၁ ဦး မြေကြီးအောက် ရောက်ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အပျက်အစီးအပိုင်းအစတွေထဲကနေ ရုပ်အလောင်းတွေကို ဆွဲထုတ်မှုတွေလုပ် ခဲ့ပါတယ်။ မြေကျွံကျမှု ဟာ နံနက် ၈ နာရီကျော်မှာဖြစ်ခဲ့တာဖြစ်ပြီး မြေကျွံကျချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့အလုပ်သမား ၁၅ ဦးနဲ့ ၂၀ ကြားရှိနေတယ်လို့ မလေးရှား မီးသတ်ဌာနကပြောပါတယ်။
မြေအနက် ၁၀ မီတာလောက်အထိ မြေကျွံကျမှုဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရှာဖွေကယ်ဆယ်မှုတွေလုပ်ခဲ့ပြီး ၂ ဦးကို ပြန်ကယ်ဆယ်နိုင်ခဲ့တယ်လို့ မလေးရှားအစိုးရတာဝန်ရှိသူကပြောပါတယ်။

adv_banner