?bph6

Place your ads here!

လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈ စြပ္စြဲခံရၿပီးေနာက္ Amazon စတူဒီယို အမႈေဆာင္ ႏုတ္ထြက္

ထုတ္လုပ္သူ အမ်ိဳးသမီးက လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈ စြပ္စြဲလိုက္ၿပီးေနာက္ Amazon စတူဒီယို ထိပ္တန္း အမႈေဆာင္ ရြိဳင္ ပ႐ိုက္စ္ဟာ ႏုတ္ထြက္သြားၿပီ ျဖစ္ပါတယ္။

ပ႐ိုက္စ္ဟာ အရင္တစ္ပတ္က ခြင့္ယူသြားၿပီးေနာက္ အလုပ္ကို ျပန္လာေတာ့မွာ မဟုတ္ေၾကာင္းနဲ႔ ႏုတ္ထြက္တာ ေသခ်ာေၾကာင္း Amazon ေျပာခြင့္ရသူက ေျပာပါတယ္။

နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္သူ ဟာေဗး ဝိန္းစတိန္း လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈေတြ လုပ္ခဲ့တယ္လို႔ ေဟာလိဝုဒ္ မင္းသမီးေတြရဲ႕ စြပ္စြဲခ်က္ ထြက္ေပၚလာၿပီးေနာက္ ပ႐ိုက္စ္အေပၚ စြပ္စြဲခ်က္ ထြက္လာတာ ျဖစ္ပါတယ္။

ထုတ္လုပ္သူ အီဆာ ဟက္ကက္က ပ႐ိုက္စ္ဟာ ၂၀၁၅ ခုႏွစ္တုန္း လုပ္ငန္းခြင္မွာ အႀကိမ္ႀကိမ္ မသင့္ေလ်ာ္တဲ့ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈေတြ လုပ္ခဲ့တယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။ ဟက္ကက္က သူဟာ လိင္တူခ်စ္သူျဖစ္ၿပီး ခ်စ္သူရွိတယ္လို႔ ေျပာခဲ့ေပမယ့္လည္း ေႏွာက္ယွက္ၿမဲ ေႏွာက္ယွက္ခဲ့တယ္လို႔ အေသးစိတ္ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု စွပ်စွဲခံရပြီးနောက် Amazon စတူဒီယို အမှုဆောင် နုတ်ထွက်

ထုတ်လုပ်သူ အမျိုးသမီးက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု စွပ်စွဲလိုက်ပြီးနောက် Amazon စတူဒီယို ထိပ်တန်း အမှုဆောင် ရွိုင် ပရိုက်စ်ဟာ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

ပရိုက်စ်ဟာ အရင်တစ်ပတ်က ခွင့်ယူသွားပြီးနောက် အလုပ်ကို ပြန်လာတော့မှာ မဟုတ်ကြောင်းနဲ့ နုတ်ထွက်တာ သေချာကြောင်း Amazon ပြောခွင့်ရသူက ပြောပါတယ်။

နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ လုပ်ခဲ့တယ်လို့ ဟောလိဝုဒ် မင်းသမီးတွေရဲ့ စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက် ပရိုက်စ်အပေါ် စွပ်စွဲချက် ထွက်လာတာ ဖြစ်ပါတယ်။

ထုတ်လုပ်သူ အီဆာ ဟက်ကက်က ပရိုက်စ်ဟာ ၂၀၁၅ ခုနှစ်တုန်း လုပ်ငန်းခွင်မှာ အကြိမ်ကြိမ် မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ လုပ်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဟက်ကက်က သူဟာ လိင်တူချစ်သူဖြစ်ပြီး ချစ်သူရှိတယ်လို့ ပြောခဲ့ပေမယ့်လည်း နှောက်ယှက်မြဲ နှောက်ယှက်ခဲ့တယ်လို့ အသေးစိတ် ပြောပါတယ်။

adv_banner