ဆီးရီယားႏုိင္ငံအတြင္း တုိက္ခုိက္မႈေတြ ႐ုရွား ရပ္တန္႔မယ္

0
264

ဆီးရီယားႏုိင္ငံအတြင္း တုိက္ခုိက္မႈေတြကို ရပ္တန္႔သြားမယ္လို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီး  ဆာေဂး ႐ိႈဂူက ေျပာပါတယ္။  

ဆီးရီးယားႏုိင္ငံ အေျခေနေတြကို ဆီးရီယားအစိုးရနဲ႔ ေနာက္ထပ္ ေဆြးေႏြးမႈေတြ လုပ္သြားမွာျဖစ္ၿပီး ႐ုရွားႏုိင္ငံရဲ႕ တုိက္ခိုက္မႈေတြဟာ အဆံုးသတ္ဖြယ္ရွိေနတယ္လို႔  ႐ုရွား ကာကြယ္ေရးဝန္ႀကီးက ေျပာခဲ့တာ ျဖစ္ပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဟာ အစၥေရးႏုိင္ငံကို ေရာက္ရွိေနခ်ိန္မွာပဲ ဆီးရီယား ျပႆနာ အပါအဝင္ ေဒသတြင္း  လံုၿခံဳေရးကိုလည္း အစၥေရးအစိုးရ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ပါတယ္။  

႐ုရွားႏုိင္ငံဟာ ဆီးရီးယားႏုိင္ငံထဲက IS စစ္ေသြးၾကြအဖြဲ႔ေတြကို တိုက္ခုိက္ခဲ့ၿပီး စစ္ေသြးၾကြအဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ ၿမိဳ႕ေတြကို ဆီးရီယားအစိုးရအတြက္ ျပန္သိမ္းပိုက္ႏုိင္ခဲ့တာေၾကာင့္ စစ္ေရး ထုိးစစ္ဆင္တာေတြကို ရပ္တန္႔တာ ျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

ဆီးရီယားႏုိင္ငံအတြင္း IS အဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမဟာ ၈ ရာခိုင္ႏႈန္းေလာက္သာ ရွိေတာ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

႐ုရွားႏုိင္ငံဟာ ဆီးရီယား သမၼတ အာဆတ္ကို ကူညီတဲ့အေနနဲ႔  ၂၀၁၅ ခုႏွစ္တည္းက ဆီးရီယားႏုိင္ငံက လက္နက္ကိုင္အဖြဲ႔ေတြကို တုိက္ခုိက္ခဲ့ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီယားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေ ရုရှား ရပ်တန့်မယ်

ဆီးရီယားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေကို ရပ်တန့်သွားမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုဂူက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ အခြေနေတွေကို ဆီးရီယားအစိုးရနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုတွေဟာ အဆုံးသတ်ဖွယ်ရှိနေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဟာ အစ္စရေးနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဆီးရီယား ပြဿနာ အပါအဝင် ဒေသတွင်း လုံခြုံရေးကိုလည်း အစ္စရေးအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ဆီးရီယားအစိုးရအတွက် ပြန်သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ရေး ထိုးစစ်ဆင်တာတွေကို ရပ်တန့်တာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဆီးရီယားနိုင်ငံအတွင်း IS အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ ၈ ရာခိုင်နှုန်းလောက်သာ ရှိတော့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ဆီးရီယား သမ္မတ အာဆတ်ကို ကူညီတဲ့အနေနဲ့ ၂၀၁၅ ခုနှစ်တည်းက ဆီးရီယားနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။