ခရမ္းခ်ဥ္သီးေတြ ေအာက္ ေဖာက္ခြဲေရးပစၥည္းေတြ ခိုး၀ွက္သယ္လာတဲ့ ကားကို အာဖဂန္ရဲေတြ ဖမ္းးမိ

0
181

ေပါက္ကြဲေစတဲ့ ပစၥည္း အေလးခ်ိန္ ၂၅၀၀ ကီလုိ ဂရမ္ ေက်ာ္ကို သယ္ေဆာင္ေမာင္းႏွင္လာတဲ့ ထရပ္ကား တစ္စီး  ေအာက္တုိဘာ ၁၅ ရက္ေန႔ညက အာဖဂန္နစၥတန္ ျမိဳ႔ေတာ္ ကဘူလ္းျမိဳ႔အတြင္း ၀င္ေရာက္လာ ခဲ့ပါတာကို ရဲတပ္ဖြဲ႔၀င္ေတြဖမ္းဆီးႏိုင္ခဲ့ပါတယ္။

အဲ့ဒီကုန္ကားကို စစ္ေဆးဂိတ္အ၀င္မွာ တားျမစ္စစ္ေဆးခဲ့ရာ တင္ေဆာင္လာတဲ့ ခရမ္းခ်ဥ္သီးေတြရဲ႔ ေအာက္မွာ ေပါက္ကြဲေစတက္တဲ့ အမိုနီယမ္ ႏိုက္ထရိတ္ ေထာင္ေပါင္းမ်ားစြာနဲ႔ စစ္ဘက္တုိက္ခုိက္ေရး သံုး ဗံုးအၾကီးစား ေတြပါ၀င္တယ္လို႔ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

ကားေမာင္းႏွင္လာတဲ့ သူကိုလည္း ဖမ္းဆီးႏို္င္ခဲ့ၿပီး ရဲအရာရွိေတြ ဆက္လက္စံုစမ္းမႈေတြ ျပဳလုပ္ေနခဲ့ၾကတာျဖစ္ပါတယ္။

ဒီလို ထရပ္ကားနဲ႔ ဗုန္းေဖာက္ခြဲမႈေၾကာင့္ ျပီးခဲ့တဲ့ ေမလက လူေပါင္း ၁၅၀ ေက်ာ္ ကဘူလ္းျမိဳ႔မွာ ေသဆံုးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခရမ်းချဉ်သီးတွေ အောက် ဖောက်ခွဲရေးပစ္စည်းတွေ ခိုးဝှက်သယ်လာတဲ့ ကားကို အာဖဂန်ရဲတွေ ဖမ်းမိ

ပေါက်ကွဲစေတဲ့ ပစ္စည်း အလေးချိန် ၂၅၀ဝ ကီလို ဂရမ် ကျော်ကို သယ်ဆောင်မောင်းနှင်လာတဲ့ ထရပ်ကား တစ်စီး အောက်တိုဘာ ၁၅ ရက်နေ့ညက အာဖဂန်နစ္စတန် မြို့တော် ကဘူလ်းမြို့အတွင်း ဝင်ရောက်လာ ခဲ့ပါတာကို ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲ့ဒီကုန်ကားကို စစ်ဆေးဂိတ်အဝင်မှာ တားမြစ်စစ်ဆေးခဲ့ရာ တင်ဆောင်လာတဲ့ ခရမ်းချဉ်သီးတွေရဲ့ အောက်မှာ ပေါက်ကွဲစေတက်တဲ့ အမိုနီယမ် နိုက်ထရိတ် ထောင်ပေါင်းများစွာနဲ့ စစ်ဘက်တိုက်ခိုက်ရေး သုံး ဗုံးအကြီးစား တွေပါဝင်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ကားမောင်းနှင်လာတဲ့ သူကိုလည်း ဖမ်းဆီးနိ်ုင်ခဲ့ပြီး ရဲအရာရှိတွေ ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ထရပ်ကားနဲ့ ဗုန်းဖောက်ခွဲမှုကြောင့် ပြီးခဲ့တဲ့ မေလက လူပေါင်း ၁၅၀ ကျော် ကဘူလ်းမြို့မှာ သေဆုံးခဲ့ပါတယ်။