?bph6

Place your ads here!








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပရီးမီယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အကောင်းဆုံးအခြေနေမှာရှိနေတယ်လို့ ကွင်းလယ်လူ ဟာဆက်ပြော

ချဲလ်ဆီးအသင်းမှာ အခုရာသီမှာ ပရီးမီယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအခြေနေမျိုးမှာရှီနေတယ်လို့ ကွင်းလယ်လူ အီဒင်ဟာဇက်ကပြောပါတယ်။

ချဲလ်ဆီးအသင်းမှာ ပရီးမီယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၄နေရာကိုရောက်ရှိနေပါတယ်။
ဟာဆက်က သူအနေနဲ့အခုရာသီမှာလည်း ကမ္ဘာအကောင်းဆုံးဘောလုံးသမား ဆုကို ရယူနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဟာဆက်က ချဲလ်ဆီးအသင်းအနေနဲ့ အခုရာသီမှာ ပရီးမီယားလိဂ် ချန်ပီယံဆုကို ထပ်မံရယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအတွက် အခုရာသီ မှာပရီးမီယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် မန် ချက်စတာ နှစ်သင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ လည်း ဟာဆက်ကပြောပါတယ်။

ဟာဆက်ဟာ ၂၀၁၇ ခုနှစ် ကမ္ဘာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ၃၀ဦးထဲမှာ ပါဝင်ထားပါတယ်။

adv_banner