?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတေးလျမှာ လေထီးခုန်ရင်း လူ ၃ ဦးသေဆုံး

သြစတြေးလျ နိုင်ငံ ကွင်းလန်းဒေသ မှာ မနေ့ အောက်တိုဘာ ၁၃ ရက်နေ့က လေထီးခုန်တဲ့ လူ ၃ ဦးဟာ မတော်မဆ မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ် ။

အဲ့ဒီသေဆုံးသူ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး တို့ ဟာ သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း မှာ တစ်ခုခုနဲ့ တိုက်မိရင်းသေဆုံးသွားခဲ့တယ်လို့ ရဲတပ် ဖွဲ့ဝင် တွေယုံကြည်နေကြပါတယ်။

လေတို့လေထီးခုန်တာကို သစ်ပင်တွေနားရောက်တဲ့အထိ စောင့်ကြည့်နေခဲ့ပြီး အချိန်အတော်ကြာ ဆင်းသက်ရမဲ့ ဇုန်ကို မရောက်ခဲ့တာကြောင့် ရှာဖွေခဲ့ရတယ်လို့ မိတ်ဆွေဖြစ်သူ တစ်ဦးက ပြောပါ တယ်။

သူတို့ကို ဆင်းသက်ရမဲ့ ဇုန်နဲ့ ၁.၅ ကီလိုမီတာအကွာမှာ သေဆုံးလျှက်ရှိနေတာကို ရဲတပ်ဖွဲ့ဝင် တွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

adv_banner