?bph6

Place your ads here!

မူးယစ်ဆေးနဲ့ ဆက်စပ်နေသူ အယောက် ၆၀ ကို ဘရာဇီးရဲ ဖမ်းဆီး




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူယစ်ဆေးနဲ့ ဆက်စပ်နေသူ အယောက် ၆၀ ကို ဘရာဇီးရဲ ဖမ်းဆီး

ဘရာဇီးနိုင်ငံ၊ ဆန်တာ ကာတာရီနာ တောင်ပိုင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့က မူးယစ်ဆေး ဝါးဖြန့်ဖြုး ရောင်းဝယ်မှုတွေနဲ့ ပတ်သတ်တဲ့ လူ ၁၀၄ ယောက်ထဲက လူ ၆၀ ကို ဘရာဇီးရဲက ဖမ်းဆီးလိုက်ပါတယ်။

အဲ့ဒီလူတွေဟာ ပြစ်မှုဆိုင်ရာ အဖွဲ့အစည်းတွေက ဖမ်းဆီးဖို့ သတင်းပေးထားတဲ့ သူတွေဖြစ်ပြီး ဥရောပကို ကိုကင်းမူးယစ်ဆေးတွေ တင်ပို့နေတာ ဖြစ်ပါတယ်။ တချို့ မူးယစ်ဆေးတွေကို အသေးစား လေယာဉ်တွေနဲ့ ဘရာဇီး နယ်စပ်ကနေတစ်ဆင့် အီတာပိုအာ ဆိပ်ကမ်းကို ပို့ဆောင်နေတာပါ။

စုံစမ်းမှုတွေအရ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ မူးယစ်ဆေး ၈ တန်လောက် ပျံ့နှံ့နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အီတလီ၊ ဒိန်းမတ်၊ စပိန်နဲ့ ဆော်ဒီ အာရေဗျမှာ ဖမ်းဆီးရရှိခဲ့တဲ့ မူးယစ်ဆေး ၂ တန်ခွဲနဲ့ ချိတ်ဆက်မှု ရှိတာတွေကို တွေ့ရပါတယ်။

adv_banner