?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟာရီကိန်းကို ခေါ်ဖို့ ရီးရဲမက်ဒရစ်နဲ့ အပြိုင် မန်ယူ ကြိုးပမ်းမယ်

မန်ယူအသင်းဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ရီးရဲမက်ဒရစ် အသင်းနဲ့အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေနေပါတယ်။

ဟာရီကိန်းဟာ အခုရာသီမှာ စပါးအသင်းနဲ့ အင်္ဂလန် အသင်းအတွက် ပွဲပေါင်း ၁၃ ပွဲ ကစားချိန်မှာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းကြီးတွေက ခေါ်ယူဖို့ အာရုံစိုက်ခံခဲ့ရပြီး ရီးရဲမက်ဒရစ် အသင်းက ပေါင် သန်း ၁၇၀ နဲ့ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဟာရီကိန်းကို ကာလအတန်ကြာ နှစ်သက်နေသူဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ကမ်းလှမ်းမှုတွေ စတင်သွားမှာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ စပါးအတွက်ပွဲပေါင်း ၁၂၀ ကစားထားပြီး ဂိုးပေါင်း ၈၀ သွင်းယူထားပါတယ်။ ဟာရီကိန်းဟာ ကလပ်အတွက် သာမက မိခင် အင်္ဂလန်လက်ရွေးစင် အတွက်လည်း ခြေစွမ်းပြ ကစားနိုင်တာကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် အမြဲတမ်းခန့်အပ်ခံရဖွယ် ရှိနေပါတယ်။

adv_banner