?bph6
Place your ads here!
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အလံတွေကို ဖြုတ်ချခံရမှုကို လက်မခံနိုင်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော
အမေရိကန်မှာ ပိတ်ထားခဲ့တဲ့ ရုရှားသံရုံးက ရုရှားအလံတွေ ဖြုတ်ချခဲ့တာကို လက်မခံနိုင်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ရော့ဗ်က ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဆက် ပြောဆိုချိန်အတွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဆန်ဖရန်စ္စကိုနဲ့ ဝါရှင်တန်မြို့ရှိ ရုရှားရုံးတွေက အလံတွေကို ဖြုတ်ချခံထားရပြီး အဲဒီအဖြစ်အပျက်အတွက် ရုရာုးနိုင်ငံက တုံ့ပြန်မယ်လို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန်နိုင်ငံဟာ နိုင်ငံအတွင်းရှိ ရုရှားသံရုံးတွေကို ပိတ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ရုရှား အောက်လွတ်တော်ကလည်း အမေရိကန်နိုင်ဆီ သွားရောက်ဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ ရုရှားဒူမားလွှတ်တော် ပြောခွင့်ရှိသူက ပြောပါတယ်။
adv_banner