?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်နဲ့ ထိပ်တိုက်တွေဆုံရေး ဗျူဟာ အမေရိကန် လုပ်ဆောင်ဖွယ်ရှိ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနဲ့ နျူကလီးယား သဘောတူချက်ကို စွန့်လွှတ်ပြီး ထိပ်တိုက်တွေဆုံရေး လမ်းကြောင်းကို ရွေးချယ်လာဖွယ်ရှိ ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အီရန်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ်ကတော့ နုတ်ထွက်မှာမဟုတ်ဘဲ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှု ပြန်ချမှတ်နိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ဥရောပနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး အီရန်နိုင်ငံအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

အီရန်နိုင်ငံနဲ့ အင်အားကြီး ၆ နိုင်ငံကြား နျူကလီယား သဘောတူညီချက်အရ အီရန်နိုင်ငံဟာ နျူကလီယား လုပ်ဆောင်မှုကို စွန့်လွှတ်ရမှာဖြစ်ပြီး တခြား တစ်ဖက်မှာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ သဘောတူညီထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ သူရဲ့ သမ္မတ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အီရန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီယား သဘောတူညီမှုစာချုပ်ကို စွန့်လွှတ်မယ်လို့ ပြောခဲ့ပါတယ်။

adv_banner