?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စုစည်းညီညွတ်မှု ကတိမပေးရင် ကာဒ့်ဒေသနဲ့ ဆွေးနွေးမှာမဟုတ်လို့ အီရတ် အစိုးရပြော

အီရတ်နိုင်ငံနဲ့ စုစည်းညီညွတ်စွာ နေမယ်ဆိုတဲ့ ကတိမပေးရင် လေဆိပ် ပြန်ဖွင့်ပေးရေးအပြင် ဘဏ်တွေကို ငွေကြေးထောက်ပံပေးရေး အတွက် အီရတ်အစိုးရက ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဆွေးနွေးမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ကာ့ဒ်ဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က လွတ်လပ်ရေးအတွက် ပြည်သူဆန္ဒ ခံယူပွဲ လုပ်ဆောင်ခဲ့တာကြောင့် အီရတ် ဗဟိုအစိုးရက ကာ့ဒ်ဒေသဆီ နိုင်ငံတကာ လေကြောင်းပျံသန်းတာတွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ကာဒ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ ဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့လည်း ပြောခဲ့ပါတယ်။

အီရတ် အစိုးရက ကာ့ဒ်ပိုင် ဘဏ်တွေကို ဒေါ်လာရောင်း ချပေးမှု မလုပ်တဲ့အပြင် ရေနံရောင်းချတာကိုလည်း ရပ်တန့်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ကာဒ့်ဒေသ ခေါင်းဆောင်တွေဟာ အီရတ်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

adv_banner