?bph6

Place your ads here!

ဒူဘိုင္းကရဲ တပ္ဖြဲ႔၀င္ေတြ အသံုးျပဳမဲ့  ဆိုင္ကယ္ပ်ံကို မိတ္ဆက္ျပသ

ယာဥ္ေၾကာ ၾကပ္မႈေတြကို ေျဖရွင္းႏိုင္မယ့္ ပ်ံသန္းႏိုင္တဲ့ ဆိုင္ကယ္ကို တီထြင္ႏိုင္ၿပီ ျဖစ္ၿပီး ဒူဘိုင္းရဲတပ္ဖြဲ႔ကေတာ့ လာမယ့္ ၂ ႏွစ္         အတြင္း ကယ္ဆယ္ေရး လုပ္ငန္းေတြမွာသံုးဖို႔ စိတ္ကူးေနတယ္လို႔ ဒူဘိုင္းရဲတပ္ဖြဲ႔ စမတ္ ဝန္ေဆာင္မႈ အေထြေထြ ညႊန္ၾကားေရးမႈ         ဗိုလ္မႉးခ်ဳပ္ ခါလစ္ အယ္လ္ ရာဇူကီက ေျပာပါတယ္။

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ၊ ဒူဘိုင္းမွာ က်င္းပတဲ့ ပင္လယ္ေကြ႔ေဒသ သတင္းအခ်က္အလက္နဲ႔ နည္းပညာ ျပပြဲ (GITEX) မွာ ရဲတပ္ဖြဲ႔အတြက္ ရည္ရြယ္ထားတဲ့ အဆင့္ျမင့္ နည္းပညာသံုး ပစၥည္းအမ်ားအျပား ခင္းက်င္းျပသရာမွာ ဟိုဗာဘိုက္ခ္လို႔ အမည္ေပးထားတဲ့ ဆိုင္ကယ္ပ်ံကိုလည္း မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

လွ်ပ္စစ္သံုး အဲဒီ တစ္ေယာက္စီး ဆိုင္ကယ္ပ်ံကို ႐ုရွားကုမၸဏီ ဟိုဗာဆာ့ဖ္က တီထြင္ခဲ့တာ ျဖစ္ၿပီး မိနစ္ ၄၀ ၾကာအထိ ေမာင္းႏွင္ႏိုင္ပါတယ္။

လာေရာက္သူ ၂၅ သန္းရွိမယ္လို႔ခန္းမွန္းထားတဲ့ အေမရိကန္ ေဒၚလာ ၇ ဘီလီယံဖိုး ခင္းက်င္းျပသမယ့္ ၂၀၂၀ ကုန္စည္ျပပြဲမွာ လံုၿခံဳေရး ျမွင့္တင္ႏိုင္ဖို႔ အစိုးရရဲ႕ အစီအစဥ္တစ္စိတ္တစ္ပိုင္းအရ တီထြင္ေပးမႈေတြထဲမွာ ဟိုဗာဘိုက္ခ္လည္း အပါအဝင္ ျဖစ္ပါတယ္။

ဟိုဗာဘိုက္ခ္ ဆိုင္ကယ္ပ်ံကို လတ္တေလာ အျမင့္ ၆ မီတာ ပ်ံႏိုင္တဲ့အဆင့္သာ မွာယူထားၿပီး ေနာင္မွာ အဲဒီထက္ ျမင့္ျမင့္ပ်ံႏိုင္တာမ်ိဳး သံုးမယ္လို႔ ဗိုလ္မႉးခ်ဳပ္ ခါလစ္ အယ္လ္ ရာဇူကီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒူဘိုင်းကရဲ တပ်ဖွဲ့ဝင်တွေ အသုံးပြုမဲ့ ဆိုင်ကယ်ပျံကို မိတ်ဆက်ပြသ

ယာဉ်ကြော ကြပ်မှုတွေကို ဖြေရှင်းနိုင်မယ့် ပျံသန်းနိုင်တဲ့ ဆိုင်ကယ်ကို တီထွင်နိုင်ပြီ ဖြစ်ပြီး ဒူဘိုင်းရဲတပ်ဖွဲ့ကတော့ လာမယ့် ၂ နှစ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာသုံးဖို့ စိတ်ကူးနေတယ်လို့ ဒူဘိုင်းရဲတပ်ဖွဲ့ စမတ် ဝန်ဆောင်မှု အထွေထွေ ညွှန်ကြားရေးမှု ဗိုလ်မှူးချုပ် ခါလစ် အယ်လ် ရာဇူကီက ပြောပါတယ်။

အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမှာ ကျင်းပတဲ့ ပင်လယ်ကွေ့ဒေသ သတင်းအချက်အလက်နဲ့ နည်းပညာ ပြပွဲ (GITEX) မှာ ရဲတပ်ဖွဲ့အတွက် ရည်ရွယ်ထားတဲ့ အဆင့်မြင့် နည်းပညာသုံး ပစ္စည်းအများအပြား ခင်းကျင်းပြသရာမှာ ဟိုဗာဘိုက်ခ်လို့ အမည်ပေးထားတဲ့ ဆိုင်ကယ်ပျံကိုလည်း မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်သုံး အဲဒီ တစ်ယောက်စီး ဆိုင်ကယ်ပျံကို ရုရှားကုမ္ပဏီ ဟိုဗာဆာ့ဖ်က တီထွင်ခဲ့တာ ဖြစ်ပြီး မိနစ် ၄၀ ကြာအထိ မောင်းနှင်နိုင်ပါတယ်။

လာရောက်သူ ၂၅ သန်းရှိမယ်လို့ခန်းမှန်းထားတဲ့ အမေရိကန် ဒေါ်လာ ၇ ဘီလီယံဖိုး ခင်းကျင်းပြသမယ့် ၂၀၂၀ ကုန်စည်ပြပွဲမှာ လုံခြုံရေး မြှင့်တင်နိုင်ဖို့ အစိုးရရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအရ တီထွင်ပေးမှုတွေထဲမှာ ဟိုဗာဘိုက်ခ်လည်း အပါအဝင် ဖြစ်ပါတယ်။

ဟိုဗာဘိုက်ခ် ဆိုင်ကယ်ပျံကို လတ်တလော အမြင့် ၆ မီတာ ပျံနိုင်တဲ့အဆင့်သာ မှာယူထားပြီး နောင်မှာ အဲဒီထက် မြင့်မြင့်ပျံနိုင်တာမျိုး သုံးမယ်လို့ ဗိုလ်မှူးချုပ် ခါလစ် အယ်လ် ရာဇူကီက ပြောပါတယ်။

adv_banner