?bph6

Place your ads here!

 ၾသစေၾတးလ် ဆိုလာ ကားေမာင္းၿပိဳင္ပြဲမွာ နယ္သာလန္အသင္း အႏိုင္ရ

အႀကိမ္ ၃၀ ေျမာက္ ကမာၻ႔ဆိုလာကား စိန္ေခၚၿပိဳင္ပြဲကို ၾသစေၾတးလ်ႏိုင္ငံရွိ ဒါဝင္ၿမိဳ႕ကေန အက္ဒလိတ္အထိ ေအာက္တိုဘာ ၈             ရက္ေန႔က ဆိုလာကား ၄၂ စီး ဝင္ေရာက္ ယွဥ္ၿပိဳင္ရာမွာ ဒဲ့လ္ဖ္ စက္မႈ တကၠသိုလ္က ႏူယြန္ ဆိုလာ အဆင္းက အႏိုင္ရသြားပါတယ္။

နာမည္ေက်ာ္ ကမာၻ႔ဆိုလာကား စိန္ေခၚၿပိဳင္ပြဲမွာ ဆိုလာစနစ္သံုး ကားေတြဟာ ၾသစေၾတးလ်တခြင္ မိုင္ ၃ ေထာင္ ေမာင္းႏွင္ရတာျဖစ္ပါတယ္။ နယ္သာလန္ႏိုင္ငံ ဒဲ့လ္ဖ္ စက္မႈတကၠသိုလ္က အသင္းဟာ သူတို႔ရဲ႕ ေတာ္ပီဒိုပံုစံ ႏိုဗမ္ ဆိုလာကားနဲ႔ အေမရိကန္ မစ္ခ်ီဂန္ အသင္းကို ေက်ာ္တက္ၿပီး ဗိုလ္စြဲခဲ့တာ ျဖစ္ပါတယ္။ မစ္ခ်ီဂန္ အသင္းက ဒုတိယ၊ ဘယ္လ္ဂ်ီယံအသင္းက တတိယ အသီးသီး ရရွိပါတယ္။

ေအာက္တိုဘာ ၈ ရက္ေန႔မွာ ေနေရာင္ျခည္သံုး ဆိုလာကား ၄၂ နဲ႔ ၿပိဳင္တဲ့ အဲဒီစိန္ေခၚပြဲဟာ ၾသစေၾတးလ်ရဲ႕ ေျမာက္ဘက္ အပူပိုင္းေဒသကေန ေတာင္ပိုင္း ကမ္းေျခအထိ ျဖစ္ၿပီး ခက္ခဲပါတယ္။

နယ္သာလန္ အသင္းဟာ မဟာဗ်ဴဟာနဲ႔ ေမာင္းႏွင္တဲ့ပံုစံကို ျပင္ဆင္ေျပာင္းလဲခဲ့ၿပီး ၾသစေၾတးလ်ရဲ႕ ရာသီဥတုမွာ အဆင္ေျပေျပနဲ႔ တစ္နာရီကို ၆၀ ကီလိုမီတာႏႈန္း ေမာင္းႏွင္ႏိုင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ ဆိုလာ ကားမောင်းပြိုင်ပွဲမှာ နယ်သာလန်အသင်း အနိုင်ရ

အကြိမ် ၃၀ မြောက် ကမ္ဘာ့ဆိုလာကား စိန်ခေါ်ပြိုင်ပွဲကို သြစတြေးလျနိုင်ငံရှိ ဒါဝင်မြို့ကနေ အက်ဒလိတ်အထိ အောက်တိုဘာ ၈ ရက်နေ့က ဆိုလာကား ၄၂ စီး ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ဒဲ့လ်ဖ် စက်မှု တက္ကသိုလ်က နူယွန် ဆိုလာ အဆင်းက အနိုင်ရသွားပါတယ်။

နာမည်ကျော် ကမ္ဘာ့ဆိုလာကား စိန်ခေါ်ပြိုင်ပွဲမှာ ဆိုလာစနစ်သုံး ကားတွေဟာ သြစတြေးလျတခွင် မိုင် ၃ ထောင် မောင်းနှင်ရတာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ ဒဲ့လ်ဖ် စက်မှုတက္ကသိုလ်က အသင်းဟာ သူတို့ရဲ့ တော်ပီဒိုပုံစံ နိုဗမ် ဆိုလာကားနဲ့ အမေရိကန် မစ်ချီဂန် အသင်းကို ကျော်တက်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ မစ်ချီဂန် အသင်းက ဒုတိယ၊ ဘယ်လ်ဂျီယံအသင်းက တတိယ အသီးသီး ရရှိပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ နေရောင်ခြည်သုံး ဆိုလာကား ၄၂ နဲ့ ပြိုင်တဲ့ အဲဒီစိန်ခေါ်ပွဲဟာ သြစတြေးလျရဲ့ မြောက်ဘက် အပူပိုင်းဒေသကနေ တောင်ပိုင်း ကမ်းခြေအထိ ဖြစ်ပြီး ခက်ခဲပါတယ်။

နယ်သာလန် အသင်းဟာ မဟာဗျူဟာနဲ့ မောင်းနှင်တဲ့ပုံစံကို ပြင်ဆင်ပြောင်းလဲခဲ့ပြီး သြစတြေးလျရဲ့ ရာသီဥတုမှာ အဆင်ပြေပြေနဲ့ တစ်နာရီကို ၆၀ ကီလိုမီတာနှုန်း မောင်းနှင်နိုင်ခဲ့ပါတယ်။

adv_banner