?bph6

Place your ads here!

ယူနက္စကို အဖြဲ႔ကေန အေမရိကန္နဲ႔အတူ အစၥေရး ႏုတ္ထြက္ဖြယ္ရွိ

အစၥေရး ႏုိင္ငံဟာ အေမရိကန္ ႏုိင္ငံနဲ႔အတူ ကုလသမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႕ (UNESCO) ကေန ႏုတ္ထြက္မယ့္ အလားအလာ ရွိေနပါတယ္။

အေမရိကန္ႏိုင္ငံက ယူနက္စကိုအဖြဲ႔ကေန ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအကုန္မွာ ထြက္မယ္လုိ႔ ေၾကညာခဲ့ပါတယ္။ ယူနက္စကိုအဖြဲ႔အတြင္း အခက္အခဲ ျပႆနာေတြအျပင္ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ပတ္သက္ၿပီး အားနည္းခ်က္ေတြေၾကာင့္ အေမရိကန္က ႏုတ္ထြက္ခ်င္တာျဖစ္တယ္လုိ႔ သံုးသပ္ေနပါတယ္။

အေမရိကန္ ဘာေၾကာင့္ ႏုတ္ထြက္ရသလဲဆုိတဲ့ အခ်က္ဟာ ရွင္းလင္းတိက်မႈ မရွိဘူးလို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ အေမရိကန္ရဲ႕  ႏုတ္ထြက္မႈဟာ ယူနက္စကိုအဖြဲ႔အတြင္း အစၥေရးဆန္႔က်င္ေရး ဘက္လိုက္မႈ အခ်က္ေတြနဲ႔လည္း သက္ဆုိင္ဖြယ္ရွိပါတယ္။

အစၥေရး       ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက  အေမရိကန္ႏုိင္ငံရဲ႕ ဆံုးျဖတ္ခ်က္ဟာ  ရဲရင့္ျပတ္သားတယ္လို႔ ခ်ီးက်ဴးေျပာဆုိခဲ့ပါတယ္။ အေမရိကန္ႏုိင္ငံဟာ ၁၉၈၄ ခုႏွစ္ကလည္း ယူနက္စကိုအဖြဲ႔ကေန ႏုတ္ထြက္ခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယူနက်စကို အဖွဲ့ကနေ အမေရိကန်နဲ့အတူ အစ္စရေး နုတ်ထွက်ဖွယ်ရှိ

အစ္စရေး နိုင်ငံဟာ အမေရိကန် နိုင်ငံနဲ့အတူ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကနေ နုတ်ထွက်မယ့် အလားအလာ ရှိနေပါတယ်။

အမေရိကန်နိုင်ငံက ယူနက်စကိုအဖွဲ့ကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအကုန်မှာ ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ယူနက်စကိုအဖွဲ့အတွင်း အခက်အခဲ ပြဿနာတွေအပြင် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အားနည်းချက်တွေကြောင့် အမေရိကန်က နုတ်ထွက်ချင်တာဖြစ်တယ်လို့ သုံးသပ်နေပါတယ်။

အမေရိကန် ဘာကြောင့် နုတ်ထွက်ရသလဲဆိုတဲ့ အချက်ဟာ ရှင်းလင်းတိကျမှု မရှိဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။ အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ ယူနက်စကိုအဖွဲ့အတွင်း အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှု အချက်တွေနဲ့လည်း သက်ဆိုင်ဖွယ်ရှိပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ ရဲရင့်ပြတ်သားတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ၁၉၈၄ ခုနှစ်ကလည်း ယူနက်စကိုအဖွဲ့ကနေ နုတ်ထွက်ခဲ့ဖူးပါတယ်။

adv_banner