?bph6

Place your ads here!

 ဗီယက္နမ္ ေရေဘး ေသဆံုးသူ ၅၄ ဦး ရွိ၊ ၃၉ ဦး ေပ်ာက္ဆံုး

ဆိုးရြားတဲ့ ေရေဘးေၾကာင့္ ဗီယက္နမ္ႏိုင္ငံမွာ တစ္ပတ္အတြင္း ၅၄ ဦး ေသဆံုးၿပီး ၃၉ ဦး ေပ်ာက္ဆံုးေနတယ္လို႔ ေဘးအႏၱရာယ္         ကာကြယ္တားဆီးေရး အဖြဲ႔က ထုတ္ျပန္ပါတယ္။

ဗီယက္နမ္ဟာ မုန္တိုင္းဒဏ္နဲ႔ ေရႀကီးမႈဒဏ္ကို ကမ္း႐ိုးတေလွ်ာက္ ခံေနရပါတယ္။ ဗီယက္နမ္ အလယ္ပိုင္းကို ၿပီးခဲ့တဲ့လက တိုင္ဖြန္းမုန္းတိုင္း တိုက္ခတ္သြားပါေသးတယ္။ ေရႀကီးမႈေတြက ေအာက္တိုဘာ ၉ ရက္ေန႔မွာ စတင္ခဲ့ၿပီး ဒီႏွစ္အတြင္း အဆိုးရြားဆံုး ျဖစ္ပါတယ္။

ေအာက္တိုဘာ ၁၂ ရက္ေန႔တုန္းကလည္း ဟိုအာဘင္မွာ ေျမၿပိဳလို႔ လူ ၁၉ ေယာက္ ပိၿပီး ေသခဲ့ပါတယ္။ အေလာင္း ၉ ေလာင္းကိုသာ      ျပန္ရွာေတြ႔ပါတယ္။ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေၾကာင့္ အိမ္ ၃၁၇ လံုး ၿပိဳက်ၿပီး အိမ္ ၃၄၀၀၀ ထိခိုက္ပ်က္စီးပါတယ္။ လယ္ဧက ၅၄၃၀၀ ေရျမဳပ္သြားၿပီး တိရစာၦန္ေပါင္း ၁၈၀၀၀၀ ေသဆံုးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ် ရေဘေး သေဆုံးသူ ၅၄ ဦး ရှိ၊ ၃၉ ဦး ပျောက်ဆုံး

ဆိုးရွားတဲ့ ရေဘေးကြောင့် ဗီယက်နမ်နိုင်ငံမှာ တစ်ပတ်အတွင်း ၅၄ ဦး သေဆုံးပြီး ၃၉ ဦး ပျောက်ဆုံးနေတယ်လို့ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

ဗီယက်နမ်ဟာ မုန်တိုင်းဒဏ်နဲ့ ရေကြီးမှုဒဏ်ကို ကမ်းရိုးတလျှောက် ခံနေရပါတယ်။ ဗီယက်နမ် အလယ်ပိုင်းကို ပြီးခဲ့တဲ့လက တိုင်ဖွန်းမုန်းတိုင်း တိုက်ခတ်သွားပါသေးတယ်။ ရေကြီးမှုတွေက အောက်တိုဘာ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီနှစ်အတွင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့တုန်းကလည်း ဟိုအာဘင်မှာ မြေပြိုလို့ လူ ၁၉ ယောက် ပိပြီး သေခဲ့ပါတယ်။ အလောင်း ၉ လောင်းကိုသာ ပြန်ရှာတွေ့ပါတယ်။ ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် အိမ် ၃၁၇ လုံး ပြိုကျပြီး အိမ် ၃၄၀ဝ၀ ထိခိုက်ပျက်စီးပါတယ်။ လယ်ဧက ၅၄၃၀ဝ ရေမြုပ်သွားပြီး တိရစ္ဆာန်ပေါင်း ၁၈၀ဝ၀ဝ သေဆုံးပါတယ်။

adv_banner