?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာလီဘန်တို့ ၅ နှစ်ကြာ ပြန်ပေးဆွဲတဲ့ မိသားစု လွတ်မြောက်

တာလီဘန် စစ်သွေးကြွအဖွဲ့က ပြန်ပေးဆွဲထားတဲ့ အမေရိကန် မိသားစုကို ပါကစ္စတန် စစ်သားတွေက ကယ်တင်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီ မိသားစု ကို တာလီဘန်တို့က ၅ နှစ်ကြာ ပြန်ပေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။ ကနေဒါ နိုင်ငံသား ဂျိုရှု ဘိုလေနဲ့ အမေရိကန်နိုင်ငံသူ ကာတီလန် ကိုလ်မန်း အပြင် သားသမီး သုံးဦးကို တာလီဘန် စစ်သွေးကြွတို့က ၂၀၁၂ ခုနှစ်မှာ ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အာဖန်ဂန်နစ္စတန်နဲ့ ပါကစ္စတန်နယ်စပ်မှာ တာလီဘန်တွေကို ပါကစ္စတန် တပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ချိန် အတွင်း ပြန်ပေးဆွဲခံထားရတဲ့ မိသားစုကို ပြန်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုဖြစ်ရပ်ဟာ အမေရိကန် – ပါကစ္စတန် ဆက်ဆံမှုအတွက် အပေါင်းလက္ခဏာ ဆောင်စေမယ့် တိုးတက်မှုအဖြစ် ရှုမြင့်ခဲ့ပါတယ်။

adv_banner