?bph6

Place your ads here!

မူးယစ္ေဆးဝါး တုိက္ဖ်က္ေရး လႈပ္ရွားမႈေတြ ရပ္ဖို႔ သမၼတ ဒူတာေတး အမိန္႔ေပး

ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး လုပ္ငန္းေတြကို လုပ္ကိုင္ေနတဲ့ ရဲ၊ စစ္တပ္နဲ႔ တျခားေအဂ်င္စီေတြကို လႈပ္ရွားမႈေတြ ရပ္တန္႔ထားဖုိ႔ ေအာက္တုိဘာ ၁၁ ရက္ေန႔က အမိန္႔ေပးလိုက္ပါတယ္။

Peru APEC Summit

မူးယစ္ေဆးဝါးစစ္ပြဲနဲ႔ ပတ္သက္ၿပီး သမၼတဒူတာေတး အေပၚ ေဝဖန္မႈေတြ ျဖစ္ေပၚေနခ်ိန္မွာပဲ သမၼတ ဒူတာေတးက မူးယစ္ေဆးဝါး တုိက္ဖ်က္ေရး လုပ္ငန္းေတြကို ရပ္တန္႔ဖုိ႔ အမိန္႔ေပးခဲ့တာ ျဖစ္ပါတယ္။ သမၼတ ဒူတာေတးဟာ ဘာေၾကာင့္ အခုလို ႐ုတ္တရက္ ဆံုးျဖတ္ရတဲ့ အေၾကာင္းကို နားမလည္ဘူးလို႔ ေလ့လာသူေတြက ေျပာပါတယ္။

ဖိလစ္ပိုင္ သမၼတ႐ံုး ေျပာေရးဆုိခြင့္ရွိသူေတြက သမၼတ ဒူတာေတး မူးယစ္ေဆးဝါး စစ္ပြဲ ရပ္တန္႔ဖို႔ ဆံုးျဖတ္လိုက္တာနဲ႔ ပတ္သက္ၿပီး တစ္စံုတစ္ရာ မွတ္ခ်က္ေပးတာ မရွိေသးပါဘူး။ ဖိလစ္ပိုင္ႏုိင္ငံမွာ ဒူတာေတး သမၼတအျဖစ္ တာဝန္ယူတဲ့ ၁၅ လတာ ကာလအတြင္း မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးစစ္ပြဲေၾကာင့္ လူေပါင္း ၄ ေထာင္နီးပါး ေသဆံုးခဲ့တယ္လို႔ လူအခြင့္ေရးအဖြဲ႔ေတြက ေဝဖန္ခဲ့ပါတယ္။

……….။ ။………..

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ ရပ်ဖို့ သမ္မတ ဒူတာတေး အမိန့်ပေး

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရဲ၊ စစ်တပ်နဲ့ တခြားအေဂျင်စီတွေကို လှုပ်ရှားမှုတွေ ရပ်တန့်ထားဖို့ အောက်တိုဘာ ၁၁ ရက်နေ့က အမိန့်ပေးလိုက်ပါတယ်။

မူးယစ်ဆေးဝါးစစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတဒူတာတေး အပေါ် ဝေဖန်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ သမ္မတ ဒူတာတေးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဒူတာတေးဟာ ဘာကြောင့် အခုလို ရုတ်တရက် ဆုံးဖြတ်ရတဲ့ အကြောင်းကို နားမလည်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတွေက သမ္မတ ဒူတာတေး မူးယစ်ဆေးဝါး စစ်ပွဲ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးတာ မရှိသေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ ဒူတာတေး သမ္မတအဖြစ် တာဝန်ယူတဲ့ ၁၅ လတာ ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကြောင့် လူပေါင်း ၄ ထောင်နီးပါး သေဆုံးခဲ့တယ်လို့ လူအခွင့်ရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

adv_banner