?bph6

Place your ads here!

ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးဖို႔ အေမရိကန္ သမၼတေဟာင္း ဂ်င္မီကာတာ လုိလား

ကိုရီးယားကၽြန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ လက္မွတ္ေရးထုိးႏုိင္ဖို႔ အေမရိကန္ သမၼတေဟာင္း ဂ်င္မီကာတာက သူ႔အေနနဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္နဲ႔ ေတြဆံု ေဆြးေႏြးသြားမယ္လုိ႔ ေျပာပါတယ္။

ကိုရီးယားကၽြန္းဆြယ္မွာ စစ္ျဖစ္အလားအလာကို ရပ္တန္႔ေရး သူရဲ႕ ႏိုင္ငံေရးအေတြ႔ႀကံဳေတြကို အသံုးခ်ဖို႔ အေမရိကန္ သမၼတေဟာင္းက စိတ္အားထက္သန္ေနပါတယ္။ ကိုရီးယားကၽြန္းဆြယ္ အေျခအေနဟာ ကမာ႔ၻၿငိမ္းခ်မ္းေရး အတြက္ အေရးႀကီးတဲ့ အေျခေနမ်ိဳးမွာ ရွိေနၿပီး ၿငိမ္းခ်မ္းမႈရေအာင္ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ႏုိင္ငံၾကား ေဆြးေႏြးလိုတယ္လို႔ ဂ်င္မီကာတာကေျပာပါတယ္။

ဂ်င္မီကာတာက ေျမာက္ကိုရီးယား ေခါင္းေဆာင္ေဟာင္း ကင္အီဆြန္း အပါအဝင္ ေျမာက္ကိုရီးယား တာဝန္ရွိသူေတြနဲ႔ ေတြဆံုေဆြးေႏြးဖူးၿပီး ေျမာက္ကိုရီးယားဟာ အေမရိကန္နဲ႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ လက္မွတ္ထုိးဖို႔ လိုလားမႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားႏုိင္ငံက ႏ်ဴကလီယား ပိုင္ဆုိင္ေရး ဆက္လက္ လုပ္ေဆာင္ေနၿပီး ႏိုင္ငံတကာရဲ႕ ဖိအားေတြနဲ႔လည္း ရင္ဆုိင္ေနရပါတယ္။

………။ ။……….

မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ လိုလား

ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက သူ့အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေဆုံ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်အလားအလာကို ရပ်တန့်ရေး သူရဲ့ နိုင်ငံရေးအတွေ့ကြုံတွေကို အသုံးချဖို့ အမေရိကန် သမ္မတဟောင်းက စိတ်အားထက်သန်နေပါတယ်။ ကိုရီးယားကျွန်းဆွယ် အခြေအနေဟာ ကမာ့္ဘငြိမ်းချမ်းရေး အတွက် အရေးကြီးတဲ့ အခြေနေမျိုးမှာ ရှိနေပြီး ငြိမ်းချမ်းမှုရအောင် မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ဆွေးနွေးလိုတယ်လို့ ဂျင်မီကာတာကပြောပါတယ်။

ဂျင်မီကာတာက မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်အီဆွန်း အပါအဝင် မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ တွေဆုံဆွေးနွေးဖူးပြီး မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးဖို့ လိုလားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံက နျူကလီယား ပိုင်ဆိုင်ရေး ဆက်လက် လုပ်ဆောင်နေပြီး နိုင်ငံတကာရဲ့ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

adv_banner