လာဘ္စားမႈနဲ႔ ေတာင္ကိုရီးယား ဗုိလ္ခ်ဳပ္ႀကီးတစ္ဦး စြဲခ်က္တင္ခံရ

ေတာင္ကိုရီးယား စစ္တပ္က ၾကယ္ ၄ ပြင့့္ အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးဟာ အက်င့္ပ်က္ လာဘ္စားမႈေတြ လုပ္ခဲ့တယ္ဆိုၿပီး စြဲခ်က္တင္ခံလုိက္ရပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ပတ္ခ်န္ဂ်ဴဟာ စစ္တပ္စီမံကိန္းနဲ႔ ပတ္သက္ၿပီး လာဘ္ေငြယူခဲ့တယ္လုိ႔ ေတာင္ကိုရီးယား စစ္ဘက္ဆုိင္ရာ ေရွ႕ေနေတြက ေျပာပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ပတ္ခ်န္ဂ်ဴက စစ္တပ္စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး သံမဏိလုပ္ငန္း လုပ္ကိုင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးဆီေနက ဝမ္ ၆ ဒသမ ၇ သန္း အထိ ကုန္က်တဲ့ ဟုိတယ္တည္းခိုမႈေတြ၊ ဧည့္ခံပြဲ စီစဥ္ေပးရတာေတြကို အခြင့္အေရး ယူခဲ့ပါတယ္။

ဒါ့အျပင္ ဗိုလ္ခ်ဳပ္ႀကီးဟာ ဗိုလ္မႉးႀကီးတစ္ဦးဆီကလည္း လာဘ္ေငြရယူၿပီး သူေျပာင္းေရႊ႕လုိတဲ့ေနရာကို ေရာက္ႏုိင္ဖုိ႔ မေလ်ာ္ၾသဇာ သံုးေပးခဲ့တယ္လို႔ စစ္ဘက္ဆုိင္ရာ ေရွ႕ေနေတြက ေျပာပါတယ္။

………။ ။………

လာဘ်စားမှုနဲ့ တောင်ကိုရီးယား ဗိုလ်ချုပ်ကြီးတစ်ဦး စွဲချက်တင်ခံရ

တောင်ကိုရီးယား စစ်တပ်က ကြယ် ၄ ပွင့့် အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးဟာ အကျင့်ပျက် လာဘ်စားမှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံလိုက်ရပါတယ်။

ဗိုလ်ချုပ်ကြီး ပတ်ချန်ဂျူဟာ စစ်တပ်စီမံကိန်းနဲ့ ပတ်သက်ပြီး လာဘ်ငွေယူခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ရှေ့နေတွေက ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ပတ်ချန်ဂျူက စစ်တပ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သံမဏိလုပ်ငန်း လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဆီနေက ဝမ် ၆ ဒသမ ၇ သန်း အထိ ကုန်ကျတဲ့ ဟိုတယ်တည်းခိုမှုတွေ၊ ဧည့်ခံပွဲ စီစဉ်ပေးရတာတွေကို အခွင့်အရေး ယူခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီးဟာ ဗိုလ်မှူးကြီးတစ်ဦးဆီကလည်း လာဘ်ငွေရယူပြီး သူပြောင်းရွှေ့လိုတဲ့နေရာကို ရောက်နိုင်ဖို့ မလျော်သြဇာ သုံးပေးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ ရှေ့နေတွေက ပြောပါတယ်။

adv_banner