?bph6

Place your ads here!

ဝက္သားေပါက္ေတြကို ညွဥ္းပန္း သတ္ျဖတ္မႈ စပိန္အလုပ္သား ႏွစ္ဦး ေထာင္ ၁၅ လက်

စပိန္ႏိုင္ငံ၊ ဟူအာကယ္ အိုဗာရာ ေက်းရြာက ကုမၸဏီတစ္ခုပိုင္ ေမြးျမဴေရးၿခံက အလုပ္သမား ႏွစ္ဦးဟာ ေမြးျမဴထားတဲ့ ဝက္သားေပါက္ ၇၉ ေကာင္ကို ညွဥ္းပန္း သတ္ျဖတ္ခဲ့လုိ႔ စပိန္တရား႐ံုးက ေထာင္ဒဏ္ ၁၅ လစီ ခ်မွတ္လိုက္ပါတယ္။

႐ိုက္ကူးထားတဲ့ ဗီဒီယိုဖုိင္ေတြအရ အဲ့ဒီအမ်ိဳးသား ႏွစ္ဦးဟာ ဝက္သားေပါက္ေလးေတြထားတဲ့ ၿခံထဲမွာ ကိုယ္အေလးခ်ိန္မ်ားတဲ့ တစ္ေယာက္က ဝက္သားေပါက္ေတြေပၚ တက္ခုန္ၿပီး က်န္တစ္ဦးက အဲဒီလို သတ္ျဖတ္ေနတာကို ဗီဒီယို ႐ိုက္ကူး ရယ္ေမာေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဝက္ေပါက္ေလးေတြဟာ ၁၉ ရက္သားကေန ၂၇ ရက္သားအထိ ရွိၿပီး အဲ့ဒီလို တက္ခုန္ ညွဥ္းပန္း သတ္ျဖတ္တဲ့ ဗီဒီယိုဖုိင္ကုိ Whatsapp ေပၚ တင္ခဲ့တာျဖစ္ပါတယ္။ အဲဒီလို တင္ခဲ့ရာက တိရစာၦန္ အခြင့္အေရး လႈပ္ရွားသူေတြက ျမင္ေတြခဲ့ၿပီး တရားစြဲဆိုခဲ့လုိ႔ အသက္ ၁၉ ႏွစ္နဲ႔ ၂၂ အရြယ္ အလုပ္သမား ႏွစ္ဦး အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

ဝက္ေပါက္ တစ္ေကာင္ကို ယူ႐ိုေငြ ၆၀ တန္ဖိုးရွိၿပီး စုစုေပါင္း ၄၄၇၀ တန္ဖိုး ဆံုး႐ံႈးခဲ့ပါတယ္။

……..။ ။………

ဝက်သားပေါက်တွေကို ညှဉ်းပန်း သတ်ဖြတ်မှု စပိန်အလုပ်သား နှစ်ဦး ထောင် ၁၅ လကျ

စပိန်နိုင်ငံ၊ ဟူအာကယ် အိုဗာရာ ကျေးရွာက ကုမ္ပဏီတစ်ခုပိုင် မွေးမြူရေးခြံက အလုပ်သမား နှစ်ဦးဟာ မွေးမြူထားတဲ့ ဝက်သားပေါက် ၇၉ ကောင်ကို ညှဉ်းပန်း သတ်ဖြတ်ခဲ့လို့ စပိန်တရားရုံးက ထောင်ဒဏ် ၁၅ လစီ ချမှတ်လိုက်ပါတယ်။

ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေအရ အဲ့ဒီအမျိုးသား နှစ်ဦးဟာ ဝက်သားပေါက်လေးတွေထားတဲ့ ခြံထဲမှာ တစ်ယောက်က ဝက်သားပေါက်တွေပေါ် တက်ခုန်ပြီး ကျန်တစ်ဦးက အဲဒီလို သတ်ဖြတ်နေတာကို ဗီဒီယို ရိုက်ကူး ရယ်မောနေခဲ့ကြတာ ဖြစ်ပါတယ်။

ဝက်ပေါက်လေးတွေဟာ ၁၉ ရက်သားကနေ ၂၇ ရက်သားအထိ ရှိပြီး အဲ့ဒီလို တက်ခုန် ညှဉ်းပန်း သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်ကို Whatsapp ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို တင်ခဲ့ရာက တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက မြင်တွေခဲ့ပြီး တရားစွဲဆိုခဲ့လို့ အသက် ၁၉ နှစ်နဲ့ ၂၂ အရွယ် အလုပ်သမား နှစ်ဦး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဝက်ပေါက် တစ်ကောင်ကို ယူရိုငွေ ၆၀ တန်ဖိုးရှိပြီး စုစုပေါင်း ၄၄၇၀ တန်ဖိုး ဆုံးရှုံးခဲ့ပါတယ်။

adv_banner