?bph6

Place your ads here!





……..။ ။……..

ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကမ်းခြေ ၂၀ မှာ ဆေးလိပ်သောက်မှု ပိတ်ပင်မယ်

ထိုင်းအစိုးရဟာ နိုင်ငံတဝန်းက ထင်ရှားတဲ့ ကမ်းခြေ ၂၀ မှာ ဆေးလိပ်သောက်သုံးတာကို ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။

ပိတ်ပင်သွားမယ့် ကမ်းခြေတွေထဲမှာ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်မှုရှိတဲ့ ကမ်းခြေတွေ ပါဝင်ပြီး ဖူးခက်၊ ကရာဘီ ကမ်းခြေတွေမှာလည်း ဆေးလိပ်သောက်ဆုံးမှု ပိတ်ပင်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ကမ်းခြေတွေမှာ ဆေးလိပ်သောက်ပါက ထိုင်းဘတ် ၁ သိန်း ဒါမှမဟုတ် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကမ်းခြေတွေမှာ ဆေးလိပ်အစီခံ အများအပြား တွေ့ရပြီး ကမ်းခြေတစ်ခုမှာ အနည်းဆုံး ဆေးလိပ်အစီခံ ၁ သိန်းကျော် တွေ့ရကြောင်း၊ လူစည်းကားရာ လမ်းတွေမှာ ဆေးလိပ်အစီခံ သန်း ၁၀ဝ အထိ တွေရကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆေးလိပ်တိုတွေ ကမ်းခြေမှာ တွေ့မြင်ရတာက ကမ်းခြေရဲ့ အလှကို ပျက်စီးစေတာကြောင့် ပိတ်ပင်တာ ဖြစ်ပါတယ်။

adv_banner