?bph6

Place your ads here!

ၿခိမ္းေျခာက္မႈေတြ ႏွိမ္နင္းၿပီးသည္အထိ ဆီးရီးယားမွာ တူရကီ တပ္စြဲထားမယ္

ၿခိမ္းေျခာက္ေနမႈေတြကို ႏွိမ္နင္းၿပီးသည္အထိ ဆီးရီးယားမွာ တူရကီ စစ္တပ္ကို တပ္စြဲထားမွာ ျဖစ္တယ္လို႔ တူရကီ ကာကြယ္ေရး ဝန္ႀကီး ႏူရက္တင္ ကာနစ္ကလီက ေအာက္တုိဘာ ၁၀ ရက္ေန႔မွာ ေျပာပါတယ္။

ဆီးရီးယား လြတ္လပ္ေရး တပ္မေတာ္ (FSA) နဲ႔ တြဲၿပီး အစ္ဒ္လစ္ဆီ တူရကီစစ္တပ္က ဦးတည္သြားေနပါတယ္၊ ကိုယ့္ေျမကိုယ္ ကာကြယ္ဖုိ႔ ႀကိဳးစားေနတဲ့ ဆီးရီးယားလူမ်ိဳးေတြကို တူရကီက ေထာက္ခံပါတယ္လို႔ ကာနစ္ကလီက ေျပာပါတယ္။ အခု စစ္ေရးလႈပ္ရွားမႈမွာ ႐ုရွားနဲ႔ အီရန္လည္း ပါဝင္ကူညီေနပါတယ္။

တူရကီစစ္တပ္ဟာ ဆီးရီးယား အေနာက္ေျမာက္ပိုင္း အစ္ဒ္လစ္မွာ ျဖစ္ေပၚေနတဲ့ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ စတင္လုပ္ေဆာင္ေနပါတယ္။ အစ္ဒ္လစ္မွာ အခု အယ္လ္ေကးဒါးနဲ႔ ဆက္စပ္ေနတဲ့ ေဟယက္ တာဟီရာ အယ္လ္ ရွမ္ (HTS) သူပုန္ေတြက ထိန္းခ်ဳပ္ထားပါတယ္။ HTS သူပုန္ေတြဟာ လက္ရွိ ဆီးရီးယား အစိုးရကို ေထာက္ခံေနသူေတြ ျဖစ္ၿပီး ဆီးရီးယားစစ္တပ္က HTS ေတြကို ေခတ္မီလက္နက္ေတြ တပ္ဆင္ေပးထားျခင္း ရွိ၊ မရွိေတာ့ ေသခ်ာ မသိရေသးပါဘူး။

……….။ ။………..

ခြိမ်းခြောက်မှုတွေ နှိမ်နင်းပြီးသည်အထိ ဆီးရီးယားမှာ တူရကီ တပ်စွဲထားမယ်

ခြိမ်းခြောက်နေမှုတွေကို နှိမ်နင်းပြီးသည်အထိ ဆီးရီးယားမှာ တူရကီ စစ်တပ်ကို တပ်စွဲထားမှာ ဖြစ်တယ်လို့ တူရကီ ကာကွယ်ရေး ဝန်ကြီး နူရက်တင် ကာနစ်ကလီက အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ဆီးရီးယား လွတ်လပ်ရေး တပ်မတော် (FSA) နဲ့ တွဲပြီး အစ်ဒ်လစ်ဆီ တူရကီစစ်တပ်က ဦးတည်သွားနေပါတယ်၊ ကိုယ့်မြေကိုယ် ကာကွယ်ဖို့ ကြိုးစားနေတဲ့ ဆီးရီးယားလူမျိုးတွေကို တူရကီက ထောက်ခံပါတယ်လို့ ကာနစ်ကလီက ပြောပါတယ်။ အခု စစ်ရေးလှုပ်ရှားမှုမှာ ရုရှားနဲ့ အီရန်လည်း ပါဝင်ကူညီနေပါတယ်။

တူရကီစစ်တပ်ဟာ ဆီးရီးယား အနောက်မြောက်ပိုင်း အစ်ဒ်လစ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျှော့ချဖို့ စတင်လုပ်ဆောင်နေပါတယ်။ အစ်ဒ်လစ်မှာ အခု အယ်လ်ကေးဒါးနဲ့ ဆက်စပ်နေတဲ့ ဟေယက် တာဟီရာ အယ်လ် ရှမ် (HTS) သူပုန်တွေက ထိန်းချုပ်ထားပါတယ်။ HTS သူပုန်တွေဟာ လက်ရှိ ဆီးရီးယား အစိုးရကို ထောက်ခံနေသူတွေ ဖြစ်ပြီး ဆီးရီးယားစစ်တပ်က HTS တွေကို ခေတ်မီလက်နက်တွေ တပ်ဆင်ပေးထားခြင်း ရှိ၊ မရှိတော့ သေချာ မသိရသေးပါဘူး။

adv_banner