



……..။ ။……..

ဗီယက်နမ်မှာ ရေကြီး မြေပြိုပြီး ၃၇ ဦးသေ၊ ၄၀ ဦး ပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ယင်ဘေဒေသမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၃၇ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၄၀ ဦး ပျောက်ဆုံးနေတယ်လို့ အာရှနိုင်ငံများ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

ရေကြီး မြေပြိုမှုတွေကြောင့် အိမ်ထောင်စုပေါင်း ၁၇၀ဝ၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး နေအိမ် ၂၀ဝ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၁ ဦး ဒဏ်ရာရခဲ့ပြီး စပါးစိုက်ခင်း ၈၀ဝ၀ ဟက်တာ ပျက်စီးခဲ့ရတဲ့အပြင် တိရစ္ဆာန်ပေါင်း ၄ သောင်း သေဆုံးခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

လက်ရှိအချိန်မှာ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေပြီး လူနဲ့ တိရိစ္ဆာန်တွေလည်း ရေစီးနဲ့ မျောပါခဲ့ပါတယ်။ ရေကြီးမှုတွေနဲ့ အတူမြေပြိုမှုပါ ဖြစ်ခဲ့တာကြောင့် ရုပ်အလောင်း ၁၈ လောင်းကို မြေကြီးအောက်ကနေ ပြန်ရှာတွေခဲ့တယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။

adv_banner