?bph6

Place your ads here!





………။ ။……….

ဆီးရီးယားမှာ ရဲဌာနကို အသေခံဗုံးခွဲ၊ ၂ ဦးသေ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ရှိ ရဲဌာနတစ်ကို မနေ့ အောက်တိုဘာ ၁၁ ရက်နေ့က အသေခံဗုံးခွဲသူ သုံးဦးကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဖဟမ်မာ ဧရိယာ၊ ခါလစ် ဘင် အယ်လ် ဝါလစ်လမ်းမှာ ရှိတဲ့ ရဲဌာန အနီးမှာ ဗုံးခွဲသူ နှစ်ယောက်ဟာ အသေခံ ဗုံးခွဲခဲ့ပါတယ်။ အသေခံ ဗုံးခွဲသမား နှစ်ယောက်ဟာ ရဲဌာနအတွင်းကို ဝင်ဖို့ ကြိုးပမ်းစဉ် အစောင့်ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး အသေခံ ဗုံးခွဲသွားတာ ဖြစ်ပါတယ်။ တတိယ ဗုံးခွဲသမားကို ရဲဌာနအနီးမှာ ရဲတွေက ဝိုင်းထားစဉ် အသေခံဗုံးခွဲသွားတာ ဖြစ်ပါတယ်။

ဒီလ အစောပိုင်းမှာလည်း ဒမတ်စကတ်မြို့၊ မီဒန်ရပ်ကွက်ရှိ ရဲဌာနကို IS အကြမ်းဖက်တွေ အသေခံ ဗုံးခွဲခဲ့လို့ ရဲနဲ့ အရပ်သား ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။

adv_banner