?bph6

Place your ads here!

အဝလြန္သူ ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ ၁၀ ဆ တိုးလာ

ၿပီးခဲ့တဲ့ ႏွစ္ ၄၀ အတြင္းမွာ အဝလြန္တဲ့ ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ ဦးေရဟာ ကမာၻေပၚမွာ ၁၀ ဆ တိုးလာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အဝလြန္သူ တိုးႏႈန္း အျမင့္ဆံုးက အထူးသျဖင့္ အာရွျဖစ္ၿပီး အေျခခံ လူတန္းစားနဲ႔ လူလတ္တန္းစားေတြမ်ားတဲ့ ႏိုင္ငံေတြမွာ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု၊ ဥေရာပ အေနာက္ေျမာက္ပိုင္းနဲ႔ တျခား ခ်မ္းသာတဲ့ ႏိုင္ငံေတြမွာေတာ့ ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ အဝလြန္မႈႏႈန္း က်ဆင္းေနပါတယ္။ ၿခံဳငံုသံုးသပ္ခ်က္အရ က်ဆင္းတယ္ဆိုေပမယ့္ အခ်ိဳးအစားအရေတာ့ ျမင့္ေနဆဲ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္အထိ ကမာၻေပၚမွာ ေယာက်္ားေလး ၈ ရာခိုင္ႏႈန္းနဲ႔ မိန္းကေလး ၆ ရာခိုင္ႏႈန္းဟာ အဝလြန္ေနပါတယ္။ ၁၉၅၇ ခုႏွစ္တုန္းက အဝလြန္မႈႏႈန္း ေယာက်ာ္းေလး၊ မိန္းကေလး စုစုေပါင္း ၁ ရာခိုင္ႏႈန္းပဲ ရွိတာနဲ႔ ႏိႈင္းယွဥ္ ၾကည့္ႏိုင္ပါတယ္။

………။ ။………

အဝလွန်သူ ကလေးငယ်နဲ့ ဆယ်ကျော်သက် ၁၀ ဆ တိုးလာ

ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်းမှာ အဝလွန်တဲ့ ကလေးငယ်နဲ့ ဆယ်ကျော်သက် ဦးရေဟာ ကမ္ဘာပေါ်မှာ ၁၀ ဆ တိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဝလွန်သူ တိုးနှုန်း အမြင့်ဆုံးက အထူးသဖြင့် အာရှဖြစ်ပြီး အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစားတွေများတဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပ အနောက်မြောက်ပိုင်းနဲ့ တခြား ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ကလေးငယ်နဲ့ ဆယ်ကျော်သက် အဝလွန်မှုနှုန်း ကျဆင်းနေပါတယ်။ ခြုံငုံသုံးသပ်ချက်အရ ကျဆင်းတယ်ဆိုပေမယ့် အချိုးအစားအရတော့ မြင့်နေဆဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အထိ ကမ္ဘာပေါ်မှာ ယောကျာ်းလေး ၈ ရာခိုင်နှုန်းနဲ့ မိန်းကလေး ၆ ရာခိုင်နှုန်းဟာ အဝလွန်နေပါတယ်။ ၁၉၅၇ ခုနှစ်တုန်းက အဝလွန်မှုနှုန်း ယောကျာ်းလေး၊ မိန်းကလေး စုစုပေါင်း ၁ ရာခိုင်နှုန်းပဲ ရှိတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

adv_banner