?bph6

Place your ads here!





………..။ ။………..

ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ ညကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် နေအိမ်နဲ့ စက်ရုံ ၃၅၀ဝ ပျက်စီးဆုံး ရှုံးခဲ့ပြီး တောမီးကြောင့် ဧက ၁၇၀ဝ၀ဝ နီးပါး မီးလောင် ကျွမ်းခဲ့တာဖြစ်ပါတယ်။

တောမီးလောင်ကျွမ်းတဲ့ ဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးက ကြေညာထားခဲ့ပြီး ဒေသခံ ၅၅၀ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ခရိုင် ၈ ခုမှာ တောမီး လောင်ကျွမ်းမှုကြောင့် မီးသတ်ကား ၂၀ဝ ကျော်နဲ့ မီးသတ်မားတွေ ကြိုးစား ငြိမ်းသတ်နေကြပါတယ်။

adv_banner